လူသားစားအားရှိလျှင် | Saturday, May 5. 2007 |
|
(ဒီဆောင်းပါးကို ၂၀၀၆ နွေရာသီတုန်းကရေးထားတာပါ။ အချိန်မရလို့  ပြန်ပြင်မရေးနိုင်တာရယ် ရေး ထားတာ သင့်တော်မသင့်တော် မသေချာတာရယ်ကြာင့်မလို့  ဘာမှဆက်မလုပ်ဖြစ်ပါဘူး။ ရေးလက်စ နှမြောလို ဒီမှာ တင်လိုက်ပါတယ်။ ရေးထားတာ လက်လွန်သွားတယ်ဆိုရင် ခွင့်လွှတ်ပါလို့  ကြိုတင်တောင်းပန်ရင်း - - -)
ယခင့်ယခင်နှစ်ရာပေါင်းများစွာက လူတွေ အသီးအရွက် များများစားကြသည်။ တဖြည်းဖြည်းနှင့် မော်ဒန် ခေတ်ရောက်လာသဖြင့် အသားကို ပိုမိုစားသုံးလာကြသည်။ အနောက်တိုင်းယဉ်ကျေးမှု ထွန်းကားလာ သည်နှင့်အမျှ မော်ဒန်ဖြစ်အောင်ဆိုကာ အနောက်တိုင်းနှင့်အမှီလိုက်ရင်း တစ်ကမာလုံးရှိလူများ အစား အသောက် အနေအထိုင် ပြောင်းလာသည်။ အနောက်တိုင်းလိုဖြစ်လာပြီး ပိုယဉ်ကျေးလာသည်ဟုဆို သည်။ ဒါကို သမိုင်းလမ်းဆုံးဟု ရေးသူရေး လက်ခံသူခံကြသည်။ ကျနော်တော့ လက်မခံ။ အဘယ် ကြောင့်ဆိုသော် အရှေ့ တိုင်းတွင် အရှေ့ တိုင်းယဉ်ကျေးမှု သူ့ ဟာနှင့်သူရှိသည်။ သို့ သော် ကိုယ့်ငါးချဉ် မှ ချဉ်သည်ထင်သည့် တစောက်ကမ်းအနောက်တိုင်းပညာရှင်တချို့ က ထိုသို့ ဆိုသည်။ သူတို့ ယဉ် ကျေးမှုကိုမှ မော်ဒန်ဟုဆိုကာ ကမာကို မော်ဒန်ဖြစ်အောင်လုပ်ရမည်တဲ့။
နယ်တွင်နေစဉ်က ကြားဖူးသည်။ စားသောက်ဆိုင်တွင်စားလျှင် ခေတ်မှီသည်တဲ့။ ဟုတ်မည်၊ မော်ဒန် နောက်လိုက်နေသည့်နိုင်ငံများတွင် လူအတော်များများ စားသောက်ဆိုင်တွင် စားကြသည်။ ထိုဆိုင်များ တွင် အသားငါး များများရောင်းသည်။ လူတွေ “Civilized” ပိုဖြစ်မဖြစ်တော့မသိ၊ ဆင်သားမှ ခရုသေးသေး လေးအထိစားလာသည်။ မြွေသားဟင်းစားသကဲ့သို့  ဖားကိုဝါးလာသည်။ ငါးမန်းသားစားသကဲ့သို့  ငုံးကို လည်းလွေးသည်။ ၀က်နားရွက်မှ နွားခြေအထိစားလာသည်။ Globalization ခေတ်ဖြစ်လာသဖြင့် ဥရုဂွေး မှအမဲသား လန်ဒန်ကိုရောက်သည်။ နယူးဇီလန်မှ သိုးသား ကနေဒါသို့ သွားသည်။ အာရှမှ ငါးကြီးများ အမေရိကန်ဟိုတယ်များသို့ ရောက်သည်။ ထိုင်းမှ သိန်းနှင့်ချီ ပုဇွန်များ အနောက်နိုင်ငံများသို့  လစဉ် သွားရသည်။ ဗီဇာမလို Permanent သွားကြသည်။
တစတစပိုယဉ်ကျေးလာသည်လား၊ မော်ဒန်ဖြစ်ပြီး အသက်သေ အသားစားရမှ ကျန်းမာလာကြသည် လားတော့မသိ။ လူအတော်တော်များများ သက်သက်လွတ်ရှောင်ကြသည်။ အသားမပါလျှင်မစားကြ တော့။ ဆရာဝန်များကတိုက်တွန်းသည်။ အသားစားပါ၊ ပရိုတင်းရသည်၊ သံဓာတ်ပြည့်သည်တဲ့။ မှန်ပါ သည့်။ သံဓာတ် ပရိုတင်းဓာတ်ရသကဲ့သို့  သတ၀ါများလည်း စောစောစီးစီး အနိစရောက်ရသည်။
တစ်ကမာလုံးအသားစားသဖြင့် အသားများ ကမာ့ဈေးကွက်တွင် နေရာကောင်းရလာသည်။ ကြက်မွေး၊ နွားမွေးသည့် ကုမဏီများ ဝေါကနဲတိုးလာသည်။ မွေးကြသည်၊ မြူကြသည်။ ချစ်၍တော့မဟုတ်ပါ။ ရေ နွေးအိမ်ထဲစိမ်ပြီး တမလွန်သို့ ပို့ လိုက်လျှင် ဒေါ်လာထွက်သောကြောင့်ဖြစ်သည်။ တမလွန်သို့ မပို့ ခင် ဆေးကြွေး ဆေးထိုးသည်။ ဂရုဏာသက်သောကြောင့်တော့မဟုတ်ပါ။ အကောင်မကြီးလျှင် ကမာ့ဈေး ကွက်၌ ၀င်မတိုးနိုင်သောကြောင့်ဖြစ်သည်။ ပိုအရေးကြီးသည်က တစ်ကောင်အနာကျလျှင် တစ်ခြံလုံး မာလကီးယားရှောနိုင်သောကြောင့်ဖြစ်သည်။
သတ၀ါများခမြာ ကုမဏီတွေမိုးပေါ်တက်ရအောင် အသားတိုးဆေးစားကြရသည်။ ကောင်မလေးတွေ့ ၍ အ၀ှါပြုမိလျှင် ပေါင်ချိန်လျော့တတ်သဖြင့် အ၀ှါလေးတွေ ထုတ်ပစ်ခံရသည်။ ဆေးစားပြီး ၂ လ ခန့် နေ ကာ ခေါင်းနှင့်ကိုယ် အိုးစားကွဲရသည်။ တမလွန်နှင့် ဟင်းအိုးကို ဒိုးကြရသည်။ ကုမဏီများကတော့မမှု ပါ။ သတ၀ါတွေဖြစ်ခြင်ရာဖြစ် မယားနှင့် သားသမီးတွေ လှပတင့်တယ်ရေး တနေ့  အကောင် ၁ သောင်း သတ်ရလည်းသတ်သည်။ သွေးချောင်းစီးအောင် လည်လှီးသည်။ ရေနွေးစိမ်ပြီး အရေခွံနွာသည်။ ဖြတ် တောက်ကာ တစ်ကမာလုံးသို့  တင်ပို့ သည်။ အမြတ်ကောင်းကောင်းရှာကြသည်။
(ဒီဗီဒီယိုလေးကို ပြီးတဲ့အထိကြည့်ကြည့်ပါ။ တချို့ အခန်းတွေက နဲနဲတော့ကြမ်းတယ်)
လူကုဆရာဝန်များသည်လည်း လူနာများအပေါ် မေတာဂရုဏာ ကြီးကြီးမားမားထားကြသည်။ လူမမာ တွေ အသားများများစားပါတဲ့။ အားရှိအောင် ကြက်ရိုးစွပ်ပြုတ်လေးသောက်ပါတဲ့။ ကိုယ့်လူနာအားရှိရေး ကြက်တစ်ကောင် ရှောရချေတော့မည်။ ကြက်ကုမဏီကြီးများ မည်သို့ မည်ပုံကြက်မွေးသည်ကို ဆရာဝန် များ အလေးပေးမိလျှင် အသားစားဖို့ တိုက်တွန်းခဲ့သမျှ ယူကျုံးမရဖြစ်ကာ သတ၀ါများစိတ်ကိုယ်ချမ်းသာ ရေးအတွက် ၂၄၊ ၇ ဆုထိုင်တောင်းပေရော့မည်။
လူတွေကလည်း ဆရာ့စကားဆိုနားထောင်သည်။ မြန်မာပြည်မှာလိုဆိုလျှင် ဆရာက စားပါဟုဆိုလျှင် လ ပေါင်းများစွာမွေးထားသောကြက်ကိုပင် ဟင်းအိုးထဲထည့်သည်။ နိုင်ငံခြားတွေမှာဆိုလျှင် စားသောက် ဆိုင်များ၌ နှုတ်သီးမှ ခြေသည်းအထိပါ ကြက်ကောင်လုံးကြော်တွေကို မှာစားသည်။ ကျန်းမာရေးအ တွက်သာမက အရက်နှင့်ပါ မြည်းကြသည်။ မြန်မာဟင်းများတွင် အချို့ ဟင်းအမည်များဆိုလျှင် ကြက် ဒုက၊ ငါးဒုကတဲ့။ တမလွန်ရောက် သတ၀ါများကိုပင် ဒုက အဆစ်ဆက်ပေးသည်။
သို့ သော် -- လူများသည် ကိုယ့်ကိုကိုယ်တော့ အတော်ချစ်ရှာသည်။ ကိုယ့်ကိုလာစားဖို့ မဆိုနှင့် သွေး တစ်စက်လာစုပ်သည့် ခြင်ကိုပင် အလွတ်မပေး။ စိတ်ဆိုးမာန်ဆိုးဖြင့်ရိုက်ပြစ်ရာ ထိုခြင်ခမြာ ခြင်မှန်းမသိ လောက် အောင်ပြားကပ်သွားတတ်သည်။ သူငယ်ချင်းတစ်ယောက်ဆိုလျှင် သွေးစုပ်သည့်နှာမောင်းဖြတ် ခြင်းဖြင့် ခြင်တွေကို အပြစ်ပေးသည်တဲ့။
အသားစားသည့်ကိစအား သတ၀ါများ၏ ရှုထောင့်မှကြည့်ကြပါစို့ ၊ ဥပမာ - ဂေါ်ဇီလာ ဆရာဝန်နှင့် ဂေါ်ဇီ လာ သိပံပညာရှင်များက လူသားစားလျှင် အားကောင်းသည်ဟုဆိုသဖြင့် ဂေါ်ဇီလာသူဌေးများက လူ သားမွေး၊ အသားတိုးဆေးထိုး၊ လိင်အင်္ဂါတွေဖြတ်လျှင် ဘယ်လိုနေမည်နည်း။ ကိုယ့်မိသားစုတစ် ယောက်ယောက်အား လှောင်အိမ်ထဲမှကြက်ကို လှမ်းဆွဲသကဲ့သို့ ဆွဲသွားပြီး ဂေါ်ဇီလာကလေး အားရှိ အောင် စွပ်ပြုတ်လုပ်တိုက်လျှင် ၀မ်းသာကြမည်လား။
သို့ တည်းမဟုတ် ခရုများ၊ ပုဇွန်များအား ပုံးကြီးကြီးတစ်လုံးထဲတွင် စုပြုံပြွတ်သိပ်ထည့်ပြီး ရောင်းသကဲ့ သို့  မိမိတို့  ဆွေမျိုးများအား ဆီပိုင်းထဲတွင် ပြွတ်သိပ်ထည့်ပြင်း ဂေါ်ဇီလာ Food Mart တွင်ရောင်းလျှင် မည်သို့ တုန့် ပြန်ကြမည်နည်း။ ညှပ်တတ်သော ဂဏာန်းများ၏လက်များကို လှုပ်မရအောင် သားရေပင် ပတ်ပြီးရောင်းသကဲ့သို့  ပြန်ခုခံတတ်သော လူသားတို့ ၏လက်များအား ရာဘာကြိုးနှင့်တုတ်ပြီး အချိန် နှင့်ရောင်းလျှင် ကျေနပ်ကြမည်လား။ ငါးကောင်လုံးကျော်ကဲ့သို့  သူငယ်ချင်းတစ်ယောက်ယောက်အား ကြော်ပြီး ဂေါ်ဇီလာမိသားစုတစ်စုက လွေးနေလျှင် မည်သို့ လုပ်မည်နည်း။ စဉ်းစားကြပါစို့ ။
(စာကြွင်း - ဇော်ဂျီ ဖော့န် သုံးနေကြမဟုတ်လို့  စာလုံးပေါင်းတွေမှားနေတာတွေကို ပြင်ဆင်ဖြည့်စွက်ပြီး ဖတ်ပေးပါ)

: အေကေ ဒီစာကို ကျနော် ရေးသားထားခြင်းမဟုတ်ပါ အိမ်မက်.com မှ ကူယူဖော်ပြခြင်းသာဖြစ်ပါသည်။ |
3 comments:
အင်း~~~ဖတ်ပီးတော့တွေဝေသွားတယ်
အမှန်ကိုထောက်ပြလို့လက်ခံပါတယ်
ကိုစားဖို့ကြောင့်သတ်ရမယ်ဆိုရင်တော့မစားတော့ဘူး
ဟားဟား သိပ်လဲ အကဲမပိုနဲ့ နင်အဲလိုပြောရင် ငါတောင် မစားချင်တော့ဘူး ..ဆရာဝန်က လိုအပ်လို့စားခိုင်းတာပေါ့ ..မလိုအပ်၇င်စားခိုင်းမလား ..နင်ကေ၇ှာင်တယ် တွေ့ရင် အကောင်လိုက် မျိုတယ်မလား ငါကိုမလိမ်နဲ့ ...
ဟဲဟဲနောက်တာ
ဇင်ဇင် နင်က သူများတွေတရားရနေတာကို.. ဘာဖျက်လိုဖျက်ဆီးသွားလုပ်နေတာလဲ..
Post a Comment