Wednesday, July 8, 2009

လွမ်းမောဖွယ်ရာကောင်း သောကျောင်းသားဘဝမှတ်တရများ

့ ဟိုအရင်ကကျောင်းသားဘဝ ကိုကျောင်းနေခဲ့တဲ့ဘယ်သူမဆို သတိရနေကြမှာပါ။ကျနော်လည် အမြဲတမ်းလိုလိုသတိရမိပါတယ်။ အခုထိ အထက်တန်းကျောင်း တက်နေရပေမယ့် ဟိုအရင်အချိန်က လိုတော့မပျော်တော့ပါဘူး။ကျောင်းနဲ့ အလုပ်ပတ်လည်ရိုက်နေရတဲ့ဘဝမှာ ဟိုအရင်လို မုန့် ဖိုး လက်ဖြန့် တောင်းပြီးကျောင်းတက်ရတဲ့အရသာကိုအရမ်းတမ်းတမိပါတယ်။
ကျောင်းသားဘဝဆိုတာ ကိုသေသေချာချာ စ မှတ်မိတာက အဖေထောင်ကလွတ်ပြီး ရန်ကုန်ကို အပြီးပြောင်းခဲ့တဲ့ ၁၉၉၉-၂၀၀၀ ခုနှစ်ကပါ။ကျောင်းစတက်တော့ ကျောင်းသားတော်တော်များများဟာ အခြားကျောင်းတွေက ပြောင်းလာသူတွေပါ။ကျနော်တို့ အထက (၃)တာမွေ ဟာအစဉ်အလာရှိပြီး နာမည်ကြီး တဲ့ကျောင်း ဖြစ်တာကြောင့်တာမွေမြို့ နယ်တင်မက ဗဟန်း၊ရန်ကင်း၊ သင်္ကန်းကျွန်း၊ ကကျောင်းသားတွေ တောင်လာတက်ကြပါတယ်။
ကျနော်လည်း ရန်ကုန်စရောက်ခါဆိုတော့ ဗမာစကားတောင် လည်လည်ဝယ်ဝယ် မပြောတက်ပါဘူး။ဒီလို နဲ့ မကြာခင်မှာဘဲ ရဲမင်း၊သက်ဇော်ထွေး၊ကျော်နိုင် ဆိုတဲ့ သူငယ်ချင်း ၃ ယောက်ရခဲ့တယ် ။ဘယ်သွားသွားအတူတူပေါ့။ နေဝင်းနောင်နောင်(စိန်မျောက်မျောက်) ကိုလည်တော်တော်ခင်ခဲ့ပါတယ်။သူကတော့ ၆ တန်းနှစ်ယောက်တော့ ကျောင်းပြောင်းသွားတယ်။ နောက်ပြီး ကျနော်တို့ အတန်းထဲ မှာ ရန်ကုန်ကနာမည်ကြီးမုန့်် ဟင်းခါး မြောင်းမြဒေါ်ချို ရဲ့ သား ရဲသူထက် နဲ့  သရုပ်ဆောင် ဆုရွန်းလဲ့ ရဲ့မောင် လည်းတက်ကြတယ်။မိန်းကလေး သူငယ်ချင်းထဲမှာတော့ သိမ့်ကေခိုင်ဝင်း၊ သဲဖြူဝင်း တို့ ကိုတော့မှတ်မိနေသေးတယ်။

၆ တန်းရောက်တော့ကျနော် တို့ တော်တော်အပေါင်းအသင်များလာတယ်။ မိုးဇော်ဇော်အောင်၊ ဇင်မင်းထွန်း ၊ချစ်စမ်းမောင်၊ တို့ နဲ့ သိလာတယ် ။ဒါပေမယ့် ၅ တန်းကသိခဲ့တဲ့ သူငယ်ချင်း ၃ ယောက်မှာ ကျော်နိုင်ကလွဲ လို့ ကျန်တဲ့နှစ်ယောက်နဲ့ အတွဲမပျက်ခဲ့ပါဘူး။ကောင်မြတ်သူ ဆို တဲ့သူငယ်ချင်းတစ်ယောက်တိုးလာတယ်။
ကျနော်တို့ ကျောက်မြောင်း မှာကျူရှင်အတူတူတက်ကြတယ်။အပြန်ဂိမ်းကစားကြတယ်။ ကျနော် က ရေနံစစ်တိုက်တာနဲ့ မြေခွေးကားမောင်းမှာတော့ အာလုံးကိုနိုင်ပါတယ် ။
ဒီလို နဲ့ ၇ တန်းရောက်လာခဲ့ပါတယ် ။၇ တန်းရောက်မှ တော်တော်ကဲ တက်လာပါတယ် ။ရဲမင်း၊ကောင်းမြတ်သူ တို့ အတန်းပြောင်းသွားခဲ့ပေမယ့် သက်ဇော်ထွေး နဲ့  ကတော့အခန်းတူပါတယ်။ အဲဒီနှစ်မှာ စပြီးကဲဖြစ်ကြပါတယ်။၁၆၅ လမ်းထိပ်မှာနေ တဲ့မိုးဇော်ဇော်အောင် ၊ မင်းလမ်း က သက်ထူးမောင်၊ ဇင်မင်းထွန်း၊ ဝေယံထွန်း၊ သူရဝင်းထွန်း နဲ့  ချစ်စမ်းမောင် တို့ နဲ့ အတွဲတော်တော်မိကြပါတယ်။ထူးခြားချက်က ကျနော်တို့အားလုံးကအရွယ်တူဆိုက်တူတွေ ဖြစ်နေကြတာပါ။ နောက်တစ်ခု က ကျနော်သူငယ်ချင်း သူရဝင်းထွန်းဟာ ၂၀၀၈ ကထိုင်းနိုင်ငံ မှာ ခင်ခဲ့တဲ့ ဖြိုးလေး(ပြည့်ဖြိုးရှိန်) ရဲ့သူငယ်ချင်းဖြစ်နေတာပါ။
ကျနော်တို့  အားလုံးနေရာတော်တော်များများမှာ စိတ်ချင်းတူကြပါတယ်။
စာသင်ချိန် အားရင်ဖြစ်ဖြစ် ၊ဆရာမ မလာရင်ဖြစ်ဖြစ် ဖဲရိုက်ပြီး စီးပွားရှာကြပါတယ်။ဖဲ မရှိရင် စာအုပ်လှန် ကြပါတယ်။အချင်းချင်း ထက်အခြားလူတွေ နဲ့ ရိုက်ကြပါတယ်။ ရတဲ့ပိုက်ဆံနဲ့ မုန်ဈေးတန်းမှာ အတူတူစားကြပါတယ်။ကျူရှင်ကိုတော့ ကျိုက္ကဆံ အိမ်ယာ မှာအတူတူတက်ကြပါတယ်။ ကျူရှင်ဆင်း ရင်ဘောလုံးကန်ကြပါတယ် ။ကျောင်းမှာ အခြားလူတွေ နဲ့ ရန်ဖြစ်ရင် အားလုံးဝိုင်းထိုးကြပါတယ်။ ရန်ဖြစ်တိုင်း ကျနော်တို့ ဘက်ကပါပေးတာကတော့ တာမွေကားပွဲစား တန်းအနား က မဂ္ဂင်ဆရာတော်ရဲ့ တူအရင်း ရဲမျိုးအောင် ပါဘဲ။သူက တောမှာကြီးတာဆိုတော့ အကောင်ကြီးပါတယ်။သူရှိနေတာ ကြောင့် ဘယ်သူမှမထိရဲကြပါဘူး။
ကျနော်တို့ ကျောင်းပိတ်နဲ့ မနက်တွေ မှာ ရွှေတိဂုံ ဘုရားကို သွားကြပါတယ်။အပြန်ကန်တော်ကြီး ဝင်ကြပါတယ်။မြောက်ဥက္ကလာမှာနေတဲ့ ချစ်စမ်းမောင်ကလွဲရင် လူစုံပါတယ်။ အပြန် ငါးထပ်ကြီး ဝင်ပြီး ထန်းရေသောက်ကြပါတယ်။ငါးထပ်ကြီးဘုရား ကခေါင်းလောင်ထဲမှာတောင် သူငယ်ချင်း အာလုံးရဲ့ နာမည်တွေ ရေးခဲ့ ကြပါတယ်(၁၀ ဖြေပြီးရောက် လို့ သွားကြည့်တော့ရှိနေပါသေးတယ်။)

ဒီလို နဲ့ ၈ တန်းရောက်တော့ရင်တွေ ခုန်နေတက်ကြပါပြီ။ သက်ထူမောင်က ကျနော့် အိမ်ရှေ့မှာနေတဲ့ ကျနော့်ငယ် သူငယ်ချင်းမြတ်ဆုမွန် နဲ့ ရည်းစားဖြစ်သွားကြပါတယ်။ဝေယံထွန်း ကတော့ နောင်တစ်ချိန် ကျောင်းမှာ ရည်းစားများလို့ နာမည်ကြီးလာမယ့်  ဝင့်ဝါ ဆိုတဲ့ ကောင်မလေးနဲ့ ညိနေကြပါတယ်။ မိုးဇော်ဇော်အောင် ကတော့ ဘယ်မိန်းကလေးကို မှစကားပြောလေ့မရှိပါဘူး ။သူကိုမာနကြီးလို့ ဆိုပြီး ဘယ်ကောင်မလေးမှမခေါ်ကြပါဘူး။ ကျနော် ကတော့ကယ်လီစမွန် ခလေးအားဆေးကြော်ညာထဲ မှာပါခဲ့တဲ့ ကောင်မလေး ကိုလိုက်နေခဲ့ပါတယ်။ချစ်လို့ မဟုတ်ပါဘူး။သူငယ်ချင်းတွေ ကဘယ်သူကိုကြိုက်လဲ လို့ မေးတော့လှတယ်လို့ ထင်တဲ့တစ်ယောက်ကို ရွေးလိုက်တာပါ။၈ တန်းနှစ်မှာတော့ ဆေးလိပ်စသောက် ဖူးတာပါ။ခေါင်ရည်ကို တော့တစ်ပတ်တစ်ခါလောက်သောက်ဖြစ်နေပါတယ်။တံဆိပ်တောင် မှတ်မိနေပါတယ်။ကျန်ကျောင်းတဲ့။ကျောင်းလည်တစ်လတစ်ခါလောက်ပြေးကြပါတယ်။မြို့ ပတ်ရထား၊ဒါမှမဟုတ် ၅ ထပ်ကြီးမှာနေကြပါတယ်။ကျောင်းပြေးရင် အကုန်ပြေကြတာပါ။အဲဒါကြောင့် ဆရာမတွေ သိကြပါတယ်။တိုင်စာလည် ပို့ ပါတယ်။ ဒါပေမယ့် ကျနော် တို့ အားလုံး (ဝေယံထွန်းက လွဲရင်) စာရကြပါတယ်။ အဆင့် ၁၄ ၁၅ ၂၀ လောက်ရကြပါတယ်။အဲဒါကြောင့် ဆရာမ ကသိပ်မပြောကြတာပါ။
ကျနော့် အချစ်ဦး
ကျနော့် ဘဝမှာ စပြီးအချစ် နဲ့ တွေ့ ခဲ့တာက ၉ တန်းနှစ်ပါ။သူငယ်ချင်း အားလုံး တိုင်ပင်ပြီး ECO တွဲယူကြပါတယ်။ ကျောင်းတက်ပြီး ၁၀ ရက်လောက်ကြာတော့ အတန်းထဲ ကို BIO အခန်ကကောင်မလေးတစ်ယောက်ပြောင်းလာတယ် ။သူ့ ရဲ့နာမည် ကမွှေးမွှေးချစ်တဲ့။ ကျနော် ရဲ့ဘေးကခုန်မှာ ဆရာမ ကပေးထိုင်တယ်။သူ အခြားကောင်မလေးတွေထက် ခန္ခာကိုယ်တော်တော်လှတယ်။ ရှယ်ဘော်ဒီပေါ့ ။နောက်တစ်ခုက သူကို အခြားကောင်မလေးတွေ ကမခေါ်ကြဘူး ။ဘာလို့ လဲတော့ ကျနော်လည်း သေသေချာချာမသိဘူး။ နေ့ လည်ထမင်းစာချိန်ရောက်တော့ အားလုံးက ကိုယ့်အဖွဲ့ နဲ့ ကို စားကြတယ်။ကျနော်တို့ လည်းစားကြရော ကျနော့်သူ ကိုကြည့်တာသူတစ်ယောက်ထဲ စားနေတာတွေ့ ရတယ်အဲဒါကြောင့် ကျနော် က အတူတူစားကြရအောင်လို့ သွားပြောတယ် ။သူက လက်ခံတော့တူတူစားကြတယ်။ အဲဒီနေ့ က သူ ပန်းရောင် ဖလံထည် အနွေထည်ဝတ်ထားတယ်။ အဲလို နဲ့ ကျနော် တို့ နှစ်ယောက်ခင်ခဲ့ကြတယ်။ ဒီလို နဲ့ ၂ ပတ်လောက်ကြတော့ ယောကျာင်္းလေးတော်တော်များများဟာ
သူ့ ကိုကြိုက်နေကြပြီဆိုတာ ကျနော်သိလိုက်ရတယ်။
သူ ကအခြားလူတွေထက် ကျနော့် ကို ပိုခင်ပါတယ်။ ကျနော်လည်း သူကိုချစ်နေမိပြီ။ ကျောင်းလွတ်တိုင်း သူနေတဲ့နေသူရိန် လမ်းမရောက်ခင် မင်းလမ်း ထိပ်အထိသူ့ ထမင်းချိုင့်ဆွဲပြီးလိုက်ပို့ ခဲ့တယ်။သူငယ်ချင်းတွေတောင် ရည်းစာဖြစ်နေပြီလားလို့ မေးကြတယ်။ကျနော့်မှာ ကောင်မလေး တစ်ယောက်ကို အဲဒီအချိန် ရည်းစားစကားပြောဖို့ သတ္တိ မရှိဘူး။တစ်နေ့ ကျောင်းလွတ်တော့ မိုးအရမ်းရွာနေတယ်။သူ့ ဆီမှာထီးပါမလာဘူး။ကျနော်က အချစ်သူရဲကောင်းလုပ်ပြီးသူ့ ကို ထီးပေးလိုက်တယ်။သူကငြင်းပါသေးတယ်။ကျနော် အတင်းပေးတာနဲ့ သူ ယူသွားတယ်။ အိမ်ရောက်တော့ အမေ က မိုးထဲလေထဲ မှာပြန်လာတဲ့ကျနော့်ကို ထီးဘယ်မှာလည်းလို့ မေးတော့ မေ့သွားတယ် လို့ ဖြေတော့ မိုးဒီလောက်ရွာနေတာ မေ့တယ်ဆိုတာမဖြစ်နိုင်ဘူး ဆိုပြီးအတင်းမေးတယ်။ကျနော်လည်ပြောပြလိုက်တယ်။


နောက်မှဆက်ရေးတော့ မယ် ။အခု Feel ဝင်လို့ ရေးလိုက်တာ တော်တော်တောင်များနေပြီး

No comments: