Tuesday, July 14, 2009

အတွေးအခေါ်

အတွေးအခေါ်ဆိုသည်မှာ တိုးတတ်မှုဧ။် လမ်းစဖြစ်သည်။ ဒသနိကဗေဒ မှလူများပြောနေကြစကားမှာ ဆေးပညာမှားသင်မိလို့  ဆရာဝန်တစ်ယောက် မှာပြီးကုလို့ သေလျှင် ၁၀ယောက်ထက်မပို ၊အင်ဂျင်နီယာ လောင်တွေကို အသင်မှားလို့  တံတားပြိုလျှင် ၁၀၀ -၁၀၀၀ ၊အတွေးအခေါ် အသင်မှား အမှတ်မှားလျှင် လူလောကတစ်ခုလုံး ပျက်စီးနိုင်တယ်တဲ့။ဟုတ်လားမဟုတ်လားတော့မသိဘူး ပြောကြတာ။တွေးကြည့်လည် ဟုတ်သလိုလို ဘဲ ။လူသမိုင်း တစ်လျောက်မှာတော့ အတွေးအခေါ်ချော်သွားတဲ့လူတွေ ဥပမာဟစ်တလာတို့ လို
လူတွေကြောင့် သန်းနဲ့ ချီတဲ့ဂျူးတွေ သေကြေခဲ့ရပါတယ် ။ဒါထက်မကလည်းရှိခဲ့ဘူးမှာပါ။
ယနေ့ ခေတ်မှာဆို အတွေးခေါ်မှားတာဟာ ဟိုတုန်းကထက် အန္တရာယ် ပိုများပါတယ်။ လွဲနေတယ်လို့ ထင်ရတဲ့ လူတွေကြောင့် ယနေ့ ကမ္ဘာကြီးဟာ ပူလောင်နေရတာပါ။လွဲနေတဲ့ အတွေးအခေါ်ရှိနေသူတွေ နိုင်ငံခေါင်းဆောင်တွေဖြစ်နေရခြင်းကြောင့်ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ကြရပါတယ် ။ဘယ်စနစ် ဘယ်အစိုးရမဆို ပြည်သူပေါ်စေသနာရှိမှ တိုင်းပြည်တိုးတတ်မှာပါ ။စေသနာမရှိဘဲ နဲ့ တော့ ဘာစနစ်ဘယ်အစိုးရဘဲဖြစ်ဖြစ် အကျိုးရှိမှာမဟုတ်ပါဘူး။ တကယ်တိုးတတ်ဖို့ လိုလားကြတယ်ဆိုရင် အတွေးအခေါ်မှန်ဖို့ တော့လိုပါလိမ့်မယ်။


စကားချပ်
(ဘာမှတော့မဟုတ်ပါဘူး .။ကလောင်တွေးတဲ့အနေ နဲ့ စာရေးကြည့်တာပါ ။အမှားပါလျှင် တော့ခွင့်လွတ်ပါ။)

No comments: