Wednesday, July 29, 2009

မှားပါတယ်


တစ်ခါတစ်ခါ တအားသတိရသတဲ့
မကြာမကြာ ကြားမိခဲ့ရတဲ့စကားတွေ
တစ်နေရာဆီ ဝေးအသွားမှာတော့

ခြေရာလေးအများ ဖြစ်ကျန်နေ
ချစ်သူရှိရာ မြေ အလွမ်းပြေကိုယ်ပြန်ရောက်
တစ်ယောက်သူ နောက်လူနဲ့ ဆိုလား

ကိုယ်မှားပြီး ပြန်လာကာမှ
အမိခြေရာဖျောက်။ ။

Monday, July 27, 2009

အချစ်နဲ့ ဘောလုံးပွဲ


အချစ်နဲ့ ဘောလုံးပွဲတဲ့ ။ဆိုင်တော့ဆိုင်ပါဘူး။ဒါပေမယ့် ကျနော်အတွက်တော့ ဘောလုံးပွဲဟာ အသဲကွဲခြင်းကို မေ့စေခဲ့ပါတယ် ။
မနေ့ က ပေါ့ အေစီမီလန်၊နဲ့  အင်တာမီလန် ပွဲလာတော့ ကျနော် အသည်းကွဲနေတယ်ဆိုတာကို သတိမရတော့ပါဘူး။ အားလုံးကိုမေ့ပြီး ဘောလုံးပွဲထဲ မြောသွားမိတယ်။ ကျနော် အချစ်မရှိဘဲ နေနိုင်တယ် ။ဘောလုံးပွဲ မရှိရင်တော့ တစ်ခုခုလိုနေသလို ခံစားရတယ် ။
နောက်လ ဆို ပရီးမီးယာ လိဂ် တွေ စတော့မယ်။ကျနော်တို့ ပြည်နည် က ကျောင်းတွေလည်ဖွင့်တော့ မယ် ။ကျနော် ကျောင်းတတ်မယ်။ဒီနှစ် စာ ကို အာရုံစိုက်ပြီးကြိုးစားမယ် ။နောက်ပြီး စနေ၊တနင်္ဂနွေ နေ့  မှာ ပရီးမီးယာ လိဂ်ဘောလုံးပွဲကြည့် မယ် ။
အားရင် အင်တာနက်သုံးမယ်။ ဖြစ်ခဲ့တာအားလုံးကို မေ့လိုက်ပြီးပျော်ပျော်နေမယ် ။သူငယ်ချင်းတွေ နဲ့ ညနေစောင်းရင် လျောက်လည် ကြမယ်။
ဒီစိတ်ကူးတွေ က မနေ့ ကဘောလုံးပွဲ ကြည့် ပြီး ရလာတာပါ ။လွန်ခဲ့တဲ့  နှစ်ကပေါ့ ကျနော့်ကောင်မလေးရဲ့ မွေးနေ့ မှာ တိုက်တိုက်ဆိုင် ဆိုင် လစ်ဗာပူး နဲ့  အာဆင်နယ် ပွဲ လာတယ်။အချိန်က လည် ခါတိုင်းနဲ့ မတူ ထူထူးခြားခြား ညနေ ၆ နာရီ ၁၅ ။အဲဒါ ကျနော် သူ မွေးနေ့ 
ကို မသွားခင် ဘောလုံးပွဲ စုကြည့်နေကြတဲ့ နေရာကို သွားလိုက်မိတယ် ။ စစ ခြင်း ကို သူတင်ကိုယ်တင် ကစားနေကြတာ ဆိုတော့ သူ မွေးနေ့ ကို ကျနော် မေ့သွားတယ် ။၈ နာရီလောက် ပွဲပြီးလို့  အသည်းအသန် သွားရော ဟိုရောက်တော့ ဘယ်သူမှာ မရှိကြတော့ဘူး။အဲဒါနဲ့  ကျနော် တော်တော် လေးရှင်းပြလိုက်ရတယ်။ ၁၀ ရက်လောက် စကားမပြောဘူး။
ဘောလုံးပွဲလောင်း ရတာ လဲ အရသာတစ်မျိုးဘဲ။ ချစ်သူနှစ်ဦး ချိန်းတွေ့ လို့ ရင် ခုန်ရသလိုဘဲ။ ကိုယ်လောင်းထားတဲ့ အသင်း ဂိုးသွင်းဖို့ ကြိုးစာရင် တိုင်ထိထွက်လာတဲ့အခါ ကောင်မလေးကို နမ်းဖို့  ကြိုးစားရင် အငြင်းခံလိုက်ရသလို ပါဘဲ။ ကိုယ့်ဘက် က မထင်မှတ်ဘဲ ဂိုးသွင်း ခံလိုက်ရရင် တော့ ကိုယ့်ကောင်မလေး နောက်တစ်ယောက်နဲ့  တွဲနေတာတွေ့ လိုက်ရသလို ဘဲ တစ်ဆစ်ဆစ်နဲ့ နာနာကျင်ကျင် ပေါ့။ မိနစ် ၉၀ ကျော် အချိန်ပို မှာ ဂိုးသွင်းခံလိုက်ရရင်တော့ ချစ်သူ က ဘာကြောင်းမှ မရှိဘဲ လမ်းကွဲကြရအောင်လို့ ပြောလိုက်သလို ဘဲ။
ပနတီ နဲ့ ရူံးရင်တော့ အချိန်အကြာကြီး တူတူတွဲလာတဲ့ ချစ်သူ အခြားတစ်ယောက်နဲ့ ခိုးပြေးသွားသလို ခံစားရတယ် ။
တကယ်တော့ ရင်ခုန်တယ် ဆိုတာ အချစ်နဲ့ တွေ့ မှအချစ်ရှိမှ လို့ တော့မဟုတ်ပါဘူး။ကျနော့်အတွက်တော့ ဘောလုံးပွဲဟာလည်ရင် ခုန်စရာပါဘဲ ။ ထိုင်းမှာ သူ ငယ်ချင်းတွေနဲ့ တူတူ ဘောလုံးပွဲ ဒိုင်ကိုင်ရတာလဲ အရသာ တစ်မျိုးပါဘဲ ။သူ ကတော့ ဘောလုံးပွဲ ရလဒ်ထက် အကွက်ရွေ့ ရတာပါ ။ဟိုဖက်ပေါက်ဈေး ဒီဘက်ပေါက်ဈေး တွေ ကို ကစားရတာပါ ။စာရင်း ဇယာ ပိုင်မှရတာ ပါ ။လောင်းကစားဆိုတာ မကောင်းတာတော့ အမှန်ပါဘဲ ။ ဒါပေမယ့် အချိန်အဆ ရှိရှိနဲ့ ကစားရင်တော့ စိတ်အမောပြေစေပါတယ်။
လောင်းတယ်ဆိုတာ နိုင်ချင်လို့ လောင်းကြတာပါ ။ ချစ်သူဆိုတာ လည်း ဘဝ မျှော်လင့်ချက်များစွာအတွက် ရည်ရွယ်ပြီး ချစ်ကြတာပါ ။
ဘောလုံးပွဲ တွေ ဟာ မထင်မှတ်ဘဲ ရူံးတတ်ကြပါတယ် ။ ဒီလိုဘဲ ချစ်သူတွေ ဟာလည် ရည်းစားဘဝမှာ မထင်မှတ် ဘဲ အကြောင်းကြောင်းကြောင့် လမ်းခွဲ ကြရပါတယ် ။
ဒီနေ့  ရူံးလည် နောက်နေ့ ပေါ့ ။ဘယ် အရာမှ ထာဝရ မတည်မြဲ ပါဘူ။ ဒီတစ်ယောက်နဲ့ မဆင်မပြေကြ ။ လမ်းကွဲ ရလည်း နောက်တစ်ယောက် ပေါ့ ။ ကိုယ် ကချစ်တယ် ။စူးစူးနစ်နစ် ခိုင်ခိုင် မာမာ သူကတော့ လုပ်ချင်တာလုပ်နေတာမျိုးကို တော့ လက်ပိုက်ပြီးချစ်လို့ ခွင့်လွတ်ပါတယ် ဘာညာ ဆိုပြီး နေတာ မှားနေမှာဘဲ လို့ ကျနော် ထင်တယ် ။ ဘယ်လောက်ဘဲချစ်ချစ် ကိုယ့် ရဲ့ အချစ် တစ်ခုတည်းနဲ့ တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အချစ် ဆိုတာ သစ္စာ ရှိပြီး ချစ်ရမှာ ဆိုပေမယ့်  သူ ကကိုယ်ချစ်သလိုပြန်မချစ်တဲ့ အခါ ကိုယ်ဘဲခံစားရမှာလေ။ တကယ်တော့ အချစ်ဆို တာ ပေးဆပ်ချင်တိုင်း ပေးဆပ်လို့ ရတာ မှ မဟုတ်တာ။
အသိတစ်ယောက် ပြောတာ ကြားဘူးတယ် ။ဖူးစာ ဆိုတာ ဦးရာလူပါ တဲ့ ဟုတ်တော့ဟုတ်သလိုလို ဘဲ။

Sunday, July 26, 2009

ABOUT YOU AND ME

Don't Cry Over Someone That Won't Cry Over You No Guy Is Worth Your Tears & When You Find The One That Is She Won't Make You Cry If You Really Love Something Set It Free.
If It Comes Back It's Yours, If Not It Wasn't Meant To Be Some Day You'll Cry For Me Like I Cried For You,
Some Day You'll Miss Me Like I Missed You,
Some Day You'll Need Me Like I Needed You,
Some Day You'll Love Me But I Won't Love You Time will make you forget me but time will make me love you more than before. If I never met you, I wouldn't like you. If I didn't like you I wouldn't love you.
If I didn't love you I wouldn't miss you, but I did, I do and I will. My heart longs for you, my soul dies for you,
my eyes cry for you. Forget who hurt you yesterday,
But don't forget who loves you tenderly today. Love can make you happy but often times it hurts,
but love is only special when you give it to who its worth.Girlfriends come and go, but friends are forever. The hardest part of loving someone is knowing when to let go,
and knowing when to say goodbye. No pleassure, no expressions just an illusion of what should of but wasn't. I hate you for not letting me have you. Forget the times he walked by, Forget the times he made you cry,
Forget the times he spoke your name, Remember now your not the same.
Forget the times he held your hand, Forget the sweet things if you can,
Forget the times & Don't pretend, Remember now he's just your friend. The day you finally decide to love me will be the day
after the day I have given up on chasing you [Photo] I hate to see the one I love happy with somebody
but I surely hate it more to see the one I love unhappy with me... I had a dream and it was about you ...
I smiled and recalled the memories we had ...
then I noticed a tear fell from my eyes ... you know why?
When I kiss you ,you say to me goodbye.

Friday, July 24, 2009

တိုက်ရိုက်ဘောလုံးပွဲ ကြည့်နည်း

သိပ်မကြာမီ ဘောလုံးပွဲရာသီတွေ စတင်တော့မှဖြစ်ပါတယ် ။ ကျနော် တို့ လို ဝါသနာရှင်တွေ အတွက်တော့ ဘောလုံးပွဲမကြည့်ရတာဟာ ဒုက္ခတစ်ခုပါဘဲ ။ မနှစ်တုန်းက ဒီနည်းလေးမသိလို့  ဈေးကြီးပေးပြီး ကေဘယ်တပ်လိုက်တာ US$ 180 လောက်ကုန်သွားပါတယ် ။
အခုတော့ အားလုံး အဆင်ပြေသွားပါပြီ။
စိတ်ဝင်စားရင်တော့

http://www.myp2p.eu/software.php?part=software
ကိုသွားပြီး
sopcast
veetle
အစရှိတဲ့ ဆော့ဝဲတွေ install လုပ်ရပါမယ် ။
sopcast အတွက်တော့ကိုယ့်ရဲ့ email လိပ်စာနဲ့  အကောင့်တစ်ခုဖွင့်ရပါမယ် ။
ပြီးရင်တော့
http://www.myp2p.eu/competition.php?competitionid=&part=sports&discipline=football
ကိုသွားပြီး
ကိုယ့်ကြည့်ချင်တဲ့ ပွဲ တိုက်ရိုက်လာနေတဲ့ပွဲ ကို
ကြည့်ဖို့ 
tv ပုံစံကလေးကိုကလစ်လိုက်ပါ
အဲဒီ လိုင်းတွေ ကမှ sopcast ဒါမှမဟုတ် veetle ကို နိပ်ပြီး ၄၅ sec စောင့်ပြီးကြည့်နိုင်ပါပြီ။



မသိသေး သော သူတွေအတွက် သာရည်ရွယ်ပါသည်။


Wednesday, July 22, 2009

လူသားစား အားရှိလျှင်

လူသားစားအားရှိလျှင်

Saturday, May 5. 2007

တခါတရံ

တခါတရံ
တခါတရံ
အချစ်က ပြည်နှင်ဒဏ်ပေး
အဆွေး နဲ့ နေရတော့
လောကဓံ ကို နဘန်ကျင်းပြီး
နရင်းရိုက်ချင်ပါရဲ့။
အထီကျန်မှုညတွေ ထဲ
ဘဝ ဆိုတာ တကယ်တော့
ဆေးလိပ်တစ်လိပ် လိုပါဘဲ
သိပ်မတို ခင်အချိန်အထိ
အရသာရှိပါရဲ့
အစီခံ ကိုရောက်တော့
ဘယ်သူသောက်ချင်တော့မှာလည်း။
တကယ်တော့ ချစ်သူဆိုတာ
မရှိမဖြစ် လို့ ယူဆကြပေမယ့်
မီးမလာတဲ့ ရန်ကုန်ညလို
အချိန်တန်တော့ လည်း
နေထွက်ရတာပါဘဲ။ ။




စိတ်ထဲ ကဗျာဟာ ဘာကိုမှမရည်ရွယ်ပါဘူး။



Tuesday, July 21, 2009

GENERAL DRIVERS CD


Driver ခွေပျောက်သွားလို့ သုံးမရဖြစ်နေတဲ့ ကရိယာတွေ ပြန် သုံးလို့ ရအောင် ဒီဆော့ဝဲ လေးကကူညီနိုင်ပါတယ်
အပေါ်မှာ ပါတဲ့ အမှတ်တံဆိပ် ကထုတ်ကုန်တွေဆို ရင် သုံးလို့ ရပါတယ် ။
Driver for Windows XP and all drivers Vista. Updated on 07.2009

Developer: Max-SoftX
Weight: 794MB

List of drivers:
Audio_x86_902
Cablemodem_x86_810
Cardreaders_x86_812
Chipset_x86_812
AMD_CPU_wnt5_x86-32_904
Bluetooth_wnt5_x86-32_081028
Broadband_wnt5_x86-32_70416
Chipset_wnt5_x86-32_902
CPU_wnt5_x86-32_804
HID_wnt5_x86-32_90204
LAN_Network_wnt5_x86-32_903
LAN_wnt5_x86-32_8121
MassStorage_wnt5_x86-32_906
Misc_wnt5_x86-32_90215
Modem_wnt5_x86-32_905
Sound_Creativ_wnt5_x86-32_906
Sound_Max_wnt5_x86-32_904
Sound_Misc_wnt5_x86-32_811
Sound_Others_wnt5_x86-32_906
Sound_Realtek_wnt5_x86-32_906
Sound_VIA_wnt5_x86-32_904
Sound_Xonar_wnt5_x86-32_906
TV_Tuner_wnt5_x86-32_906
TV_wnt5_x86-32_80908
USB_wnt5_x86-32_80911
Video_ATI_wnt5_x86-32_906
Video_Intel_wnt5_x86-32_906
Video_NVIDIA_wnt5_x86-32_906
Video_Others_wnt5_x86-32_903
WebCam_wnt5_x86-32_906
WLAN_Network_wnt5_x86-32_905
Gaming_x86_812
Graphics_x86_902.
Lan_x86_812.3.
Masstorage_x86_810
RemoteControl_x86_809
Touchpad_Mouse_x86_812
TVcard_x86_902

Changes from MaxSE-Driver Pack Master may2009:

updated:
MassStorage_wnt5_x86-32_906
Modem_wnt5_x86-32_905
Sound_Creativ_wnt5_x86-32_906
Sound_Others_wnt5_x86-32_906
Video_ATI_wnt5_x86-32_906
Video_Intel_wnt5_x86-32_906
Video_NVIDIA_wnt5_x86-32_906
Video_Others_wnt5_x86-32_903
WebCam_wnt5_x86-32_906

added:
Sound_Realtek_wnt5_x86-32_906
Sound_Xonar_wnt5_x86-32_906
TV_Tuner_wnt5_x86-32_906
AMD_CPU_wnt5_x86-32_904
LAN_Network_wnt5_x86-32_903

http://rapidshare.com/files/252796734/MaxSEDraver_Pack_Master.part1.rar
http://rapidshare.com/files/252796736/MaxSEDraver_Pack_Master.part2.rar
http://rapidshare.com/files/252796737/MaxSEDraver_Pack_Master.part3.rar
http://rapidshare.com/files/252796731/MaxSEDraver_Pack_Master.part4.rar
http://rapidshare.com/files/252796732/MaxSEDraver_Pack_Master.part5.rar

or

http://hotfile.com/dl/8109373/0e5b416/MaxSEDraver_Pack_Master.part1.rar.html
http://hotfile.com/dl/8109422/7c35975/MaxSEDraver_Pack_Master.part2.rar.html
http://hotfile.com/dl/8109429/6a1c964/MaxSEDraver_Pack_Master.part3.rar.html
http://hotfile.com/dl/8109444/ef72ec4/MaxSEDraver_Pack_Master.part4.rar.html
http://hotfile.com/dl/8109333/89c82f7/MaxSEDraver_Pack_Master.part5.rar.html

Saturday, July 18, 2009

ကြိုးစားပေါ့မယ်

ကျနော့် ဘလော့ကို အလည်လာခဲ့သူ များအလကားပြန်သွားရတာမျိုးတကယ်ကိုမဖြစ်စေချင်ပါဘူး။ တကယ်တော့ဘလော့တွေလုပ်တယ်ဆိုတာအပြောလွယ်သလောက်အလုပ်ခတ်ပါတယ်။ နေ့ တိုင်းပို့ အသစ်တင်ဖို့ ဆိုတာကျနော်တို့ လို မလောက်လေးမလောက်စား ချာတိတ်တွေ အတွက်တော်တော်ကို ခတ်ခဲပါတယ်။သူများဘလော့တွေသွားလည်တိုင်းအားကြရပါတယ် ။ဒီဘလော့ကိုလွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်က ကွန်ပြူတာနေ့ တိုင်းမသုံးနိုင်တဲ့ကြား က ကိုပြည့်စုံနဲ့  မျိုးချစ်မြန်မာ ဘလော့တို့ ကိုအားကြလို့ လိုက်လုပ်ကြည့်ခဲ့တာပါ။ တကယ်လုပ်ရတဲ့အခါ တော့ဘာမှကိုမလုပ်တတ်ပါဘူး။ ဒီလိုနဲ့ ပစ်ထားခဲ့တာတော်တော်ကြာပါပြီ ။ လွန်ခဲ့တဲ့ ၄ လလောက်က ညမီးအိမ်(ကို/မ) ရဲ့ဘလော့လေးကိုသွားကြည့်မိပြီး co.cc နဲ့  link ချိတ်ခဲ့ပါတယ် ။ဒါပေမယ့်ကျောင်းနဲ့ အလုပ် အရမ်းရှုပ်နေလို့  မလုပ်နိုင်ခဲ့ပါဘူး။ဒီလပိုင်းအတွင်းမှာနွေရာသီကျောင်းပိတ်နေတာကြောင့် ဘလော့လုပ်နည်းတွေ လေ့လာပြီး မတတ်သတတ်လုပ်နေခဲ့တာပါ ။အဲဒီမှာရလိုက်တဲ့ အောင်မြင်မူကတော့ သူငယ်ချင်းတစ်ယောက်ဘလော့ ဖန်တီးဖို့ စည်းရုံတာအောင်မြင်ခဲ့ပါတယ်။သူ ကတော်တော်လေး သူ့ ဘလော့ကို ဂရုစိုက်ပါတယ် ။နေ့ တိုင်း လည်းအသစ်တင်ပါတယ်။ကျနော်သူ့ ဆီကိုခဏခဏသွားသွားလည်ပါတယ်။နောက်တစ်ယောက်ကို ကျေးဇူးတင်ရမှာကတော့ မမ ရည်မွန်ကျော်ပါ။ သူကတော့ကျနော့်ကို မြန်မာစာကျွမ်းကျွမ်းကျင်ကျင် ရိုက်တတ်လာအောင် သင်ပေးခဲ့သူပါ။ကျနော် ကွန်ပြူတာသုံးတာ ၄ နှစ်လောက်ရှိပြီဆိုပေမယ့် မြန်မာလို ရိုက်တတ်တာ ၄ လလောက်ဘဲရှိပါသေးတယ်။ အခုတလော ကျနော် ပျော်ပါတယ် ။ကျနော့် ဘလော့ကို အများကြီးလာလည်ကြလို့ ပါဘဲ။ အများကြီးဆိုတဲ့နေရာမှာ ကျနော့်အတွက်များတာပါ။ ၁၀၀ ဆိုတဲ့လူ အရေအတွက်ဟာ အခြားဘလော့ကာ တွေကြားမှာတော့၇ီစရာပါ ။ကျနော့်အတွက်တော့ အားဆေးတစ်ခတ်ပါ။
ဒီနေ့  cbox ထဲမှာ ကြယ်ကလေးရေးသွားတဲ့ ဘာမှလည်မရှိဘူးဆိုတာ ကျနော်ခံစားရပါတယ် ။သူကိုတော့ကျေးဇူးအထူးတင်ပါတယ် ။ကျနော် အများကြီးကြိုးစာရဦးမယ်ဆိုတာနားလည်ပါတယ် ။တကယ်တော့ဘလော့ဆိုတာ ကျနော့်အတွက်တော့ စိတ်ထွက်ပေါက်တစ်ခုပါ။ အဲဒါကြောင့်ကျနော် တစ်ခါတစ်လေ စိတ်ထဲမှာရှိနေတာတွေ ကိုတင်လိုက်တာပါ ။ အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။တစ်နေ့ တစ်ခု တင်နိုင်အောင် ကြိုးစားကြည့်ပါ့မယ်။

Thursday, July 16, 2009

Super Internet TV 7.4 (2009)





ကမ္ဘာတစ်လွှားက ရုပ်မြင်သံကြားတွေ ကိုကြည့်ရူ့ လိုတယ်ဆိုရင်တော့Super Internet TV 7.4 (2009) က ကူညီနိုင်ပါတယ် လိုင်းပေါင်း ၁၉၀၀ နဲ့ အထက်မိပါတယ် ။ထိုင်း၊မလေးတို့ က လိုင်းတွေဆိုကြည်လင်ပြတ်သားမှုရှိပါတယ် ။မြဝတီ တို့  MRTV တို့ တောင်မိနိုင်ပါတယ် ။cable တောင်မလိုပါဘူး။
Code:
http://rapidshare.com/files/238894574/Super_Internet_TV_7.4.rar

Super Internet TV allows you to watch 1900+ live television channels and listen to 5000+ online radio stations from 100+ countries. There is no need for a TV Tuner card because all the channels are streamed through your Internet connection. For most TV and Radio channels a modem speed of 56Kb/s is required, for the broadband TV stations you need 300 Kb/s. This software comes with automatic TV station updates so it will never be out of date. If you are interested in learning languages or alternative programming, this is a good choice for you!


Features :

More than 2200 FREE TV stations.
More than 5000 FREE radio stations.
More than 200 live webcams.
NO TV tuner card required!
Automatic channel list updates.
Supports high bandwidth stations.
Supports thousands of skins
Resizable screen, including full-screen mode

Hide The IP 2009





ဒါကတော့ Ip address ပြောင်းတာပါ ။တစ်ကယ်ပြောင်းပါတယ်။ ကိုယ် လိုချင်တဲ့ location ရွေးလို့ ရပါတယ်။စိတ်ဝင်စားရင် ယူလိုက်ပါ။

Code:
http://www.mediafire.com/?xwdjcmw5mjt

http://rapidshare.com/files/251814351/Hide_The_IP_2009.rar



This is a Hide IP software which will change your real Internet address while browsing the World Wide Web. The software will deliver you fresh anonymous proxy servers every time you activate the program. The main benefit of this software is that you can't be traced while browsing websites. If a website is restricted for users from specified country the program can bypass that protection. By hiding your IP, you will be invisible for marketers, thus, you will prevent any spam mails. You can use web based e-mail to send anonymous e-mail. Post on bulletin boards without displaying your real IP address.

The program is Compatible with Windows XP/2000/2003/NT/Vista, and with support for Internet Explorer, Firefox, Google Chrome, Safari, Opera.

1. install app
2. run patch , select program directory , patch file
3. enjoy premium

1 CLICK DVD COPY


NEO လောက်မကောင်းပေမယ့်ပေါ့ပါပြီး ဖိုင်ဆိုဒ်သေးတော့အဆင်ပြေပါတယ် ။DVD တင်မက VCD လည်းရပါတယ် ။
www.rapidshare.com/files/255188976/1Click_DVD_Copy_5.7.0.0_Uploaded_By_MufaraAndDimara.rar

1CLICK DVD COPY is fast and easy-to-use software for copying DVD movies. This latest version now utilizes CPRx™ error correction technology to ensure the highest level of success copying the latest generation of DVD movies. Now you can make a perfect copy of a DVD movie with just one click. Unlike other software with complex settings, 1CLICK DVD COPY™ 5 can be used by anyone to make perfect copies of DVD movies.

WINRAR 3.80 PROFESSIONAL EDITION (FULL)



No Activation or Crack NEEDED!
RAR ကို လူတော်တော်များများက ရက်၄၀ ထရိုင်ရယ်နဲ့ ဘဲ သုံးနေကြတာပါ။ဒါကတော့ WINRAR 3.80 PROFESSIONAL EDITION ပါ ။သုံးနေကြ Trial တွေထက် ပိုမြန်ပါတယ် ။

Some will argue that the application isn�t as quick as WinZip at compressing files. However, for the small lag in time difference, you end up with a significantly smaller archived file at the end of the process with WinRAR. What�s more, the application allows you to save files into both ZIP and RAR formats, with a multitude of options for speeding up compression times, or reducing file sizes at the expense of a few more seconds.
အောက်မှာယူပါ။
http://rapidshare.com/files/255479134/winrar380pro_akhil.exe

Tuesday, July 14, 2009

အတွေးအခေါ်

အတွေးအခေါ်ဆိုသည်မှာ တိုးတတ်မှုဧ။် လမ်းစဖြစ်သည်။ ဒသနိကဗေဒ မှလူများပြောနေကြစကားမှာ ဆေးပညာမှားသင်မိလို့  ဆရာဝန်တစ်ယောက် မှာပြီးကုလို့ သေလျှင် ၁၀ယောက်ထက်မပို ၊အင်ဂျင်နီယာ လောင်တွေကို အသင်မှားလို့  တံတားပြိုလျှင် ၁၀၀ -၁၀၀၀ ၊အတွေးအခေါ် အသင်မှား အမှတ်မှားလျှင် လူလောကတစ်ခုလုံး ပျက်စီးနိုင်တယ်တဲ့။ဟုတ်လားမဟုတ်လားတော့မသိဘူး ပြောကြတာ။တွေးကြည့်လည် ဟုတ်သလိုလို ဘဲ ။လူသမိုင်း တစ်လျောက်မှာတော့ အတွေးအခေါ်ချော်သွားတဲ့လူတွေ ဥပမာဟစ်တလာတို့ လို
လူတွေကြောင့် သန်းနဲ့ ချီတဲ့ဂျူးတွေ သေကြေခဲ့ရပါတယ် ။ဒါထက်မကလည်းရှိခဲ့ဘူးမှာပါ။
ယနေ့ ခေတ်မှာဆို အတွေးခေါ်မှားတာဟာ ဟိုတုန်းကထက် အန္တရာယ် ပိုများပါတယ်။ လွဲနေတယ်လို့ ထင်ရတဲ့ လူတွေကြောင့် ယနေ့ ကမ္ဘာကြီးဟာ ပူလောင်နေရတာပါ။လွဲနေတဲ့ အတွေးအခေါ်ရှိနေသူတွေ နိုင်ငံခေါင်းဆောင်တွေဖြစ်နေရခြင်းကြောင့်ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ကြရပါတယ် ။ဘယ်စနစ် ဘယ်အစိုးရမဆို ပြည်သူပေါ်စေသနာရှိမှ တိုင်းပြည်တိုးတတ်မှာပါ ။စေသနာမရှိဘဲ နဲ့ တော့ ဘာစနစ်ဘယ်အစိုးရဘဲဖြစ်ဖြစ် အကျိုးရှိမှာမဟုတ်ပါဘူး။ တကယ်တိုးတတ်ဖို့ လိုလားကြတယ်ဆိုရင် အတွေးအခေါ်မှန်ဖို့ တော့လိုပါလိမ့်မယ်။


စကားချပ်
(ဘာမှတော့မဟုတ်ပါဘူး .။ကလောင်တွေးတဲ့အနေ နဲ့ စာရေးကြည့်တာပါ ။အမှားပါလျှင် တော့ခွင့်လွတ်ပါ။)

Monday, July 13, 2009

သိသိသမျှ'မ'သီချင်းများ

ဒါတွေ ကတော့သိသိသမျှ မ သီချင်းတွေပါ။ မ ကိုချစ်တဲ့ကောင်လေးတွေ(ကျနော်အပါအဝင်) အလွမ်းပြေနားထောင်ရအောင်လို့ ။ဗညားလည်းပါတယ်နော် ။
http://www.youtube.com/watch?v=qRk0e2cgKMA

http://www.mediafire.com/?sharekey=f...8df71025f5b7c7

http://www.mediafire.com/download.php?35jhvtohjkz

http://www.mediafire.com/?2t5ymyywwjj

http://www.mediafire.com/file/jwi2dj...xamplez-ma.mp3

http://www.mediafire.com/file/djtlmfyyzyn/kyaw nge-a chain tine ma atwat.mp3

http://www.mediafire.com/file/oojqmwy5tdn/ma ko- hel lay.mp3

http://www.mediafire.com/file/5zxz3t3dom3/ma phyit thint tot tae-LRC.mp3

http://www.mediafire.com/file/qcyz2nkm1x2/pyan lar par ma yal-sithu+ htein lin soe.mp3

http://www.mediafire.com/file/nnehlm...,sample-ma.mp3

http://www.mediafire.com/file/jzjjmo...herry-mama.mp3

http://www.mediafire.com/file/zwwhhyuj3wz/dan dar ye (ma).mp3

http://www.mediafire.com/file/zd00bjgmwwt/hein zaw-ma.mp3

http://www.mediafire.com/?ry4xm2zyumi

http://www.mediafire.com/?mmzimmnjuew

http://www.mediafire.com/?jit5l5yzo3m

http://khunzero.googlepages.com/mama.mp3

http://khunzero.googlepages.com/maatwadpar-NZai.mp3

http://khunzero.googlepages.com/Sample01.mp3

Thursday, July 9, 2009

အချစ် နှင့် တန်ပြန်သက်ရောက်မှု

နယူတန် ကပြောခဲ့တယ်။သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်တဲ့။ ဒါဆိုအချစ်မှာ လည်းရှိတယ်ပေါ့။ ဒါပေမယ့် အချစ်ဟာတန်ပြန်သက်ရောက်မှု မရှိဘူးလို့ ယူဆလို့ ရတယ်လေ။ တစ်ခါတစ်လေ မှာ ကိုယ် ကချစ်သလောက်သူပြန်ချစ်လိမ့်မယ်ဆိုတာမသေချာဘူး။သက်ရောက်မှုတိုင်းမှာသာ တန်ပြန်သက်ရောက်မှုသာ ရှိမယ်ဆိုရင် ကိုယ် ၁၀၀ဖိုး ချစ်လောက်သူပြန်ချစ်လိမ့်မှာပေါ့။ဒီလိုသာဆို တစ်ဖတ်သက်အချစ် ဆိုတာဘယ်ရှိမှာလဲနော်။ ။

Wednesday, July 8, 2009

လွမ်းမောဖွယ်ရာကောင်း သောကျောင်းသားဘဝမှတ်တရများ

့ ဟိုအရင်ကကျောင်းသားဘဝ ကိုကျောင်းနေခဲ့တဲ့ဘယ်သူမဆို သတိရနေကြမှာပါ။ကျနော်လည် အမြဲတမ်းလိုလိုသတိရမိပါတယ်။ အခုထိ အထက်တန်းကျောင်း တက်နေရပေမယ့် ဟိုအရင်အချိန်က လိုတော့မပျော်တော့ပါဘူး။ကျောင်းနဲ့ အလုပ်ပတ်လည်ရိုက်နေရတဲ့ဘဝမှာ ဟိုအရင်လို မုန့် ဖိုး လက်ဖြန့် တောင်းပြီးကျောင်းတက်ရတဲ့အရသာကိုအရမ်းတမ်းတမိပါတယ်။
ကျောင်းသားဘဝဆိုတာ ကိုသေသေချာချာ စ မှတ်မိတာက အဖေထောင်ကလွတ်ပြီး ရန်ကုန်ကို အပြီးပြောင်းခဲ့တဲ့ ၁၉၉၉-၂၀၀၀ ခုနှစ်ကပါ။ကျောင်းစတက်တော့ ကျောင်းသားတော်တော်များများဟာ အခြားကျောင်းတွေက ပြောင်းလာသူတွေပါ။ကျနော်တို့ အထက (၃)တာမွေ ဟာအစဉ်အလာရှိပြီး နာမည်ကြီး တဲ့ကျောင်း ဖြစ်တာကြောင့်တာမွေမြို့ နယ်တင်မက ဗဟန်း၊ရန်ကင်း၊ သင်္ကန်းကျွန်း၊ ကကျောင်းသားတွေ တောင်လာတက်ကြပါတယ်။
ကျနော်လည်း ရန်ကုန်စရောက်ခါဆိုတော့ ဗမာစကားတောင် လည်လည်ဝယ်ဝယ် မပြောတက်ပါဘူး။ဒီလို နဲ့ မကြာခင်မှာဘဲ ရဲမင်း၊သက်ဇော်ထွေး၊ကျော်နိုင် ဆိုတဲ့ သူငယ်ချင်း ၃ ယောက်ရခဲ့တယ် ။ဘယ်သွားသွားအတူတူပေါ့။ နေဝင်းနောင်နောင်(စိန်မျောက်မျောက်) ကိုလည်တော်တော်ခင်ခဲ့ပါတယ်။သူကတော့ ၆ တန်းနှစ်ယောက်တော့ ကျောင်းပြောင်းသွားတယ်။ နောက်ပြီး ကျနော်တို့ အတန်းထဲ မှာ ရန်ကုန်ကနာမည်ကြီးမုန့်် ဟင်းခါး မြောင်းမြဒေါ်ချို ရဲ့ သား ရဲသူထက် နဲ့  သရုပ်ဆောင် ဆုရွန်းလဲ့ ရဲ့မောင် လည်းတက်ကြတယ်။မိန်းကလေး သူငယ်ချင်းထဲမှာတော့ သိမ့်ကေခိုင်ဝင်း၊ သဲဖြူဝင်း တို့ ကိုတော့မှတ်မိနေသေးတယ်။

၆ တန်းရောက်တော့ကျနော် တို့ တော်တော်အပေါင်းအသင်များလာတယ်။ မိုးဇော်ဇော်အောင်၊ ဇင်မင်းထွန်း ၊ချစ်စမ်းမောင်၊ တို့ နဲ့ သိလာတယ် ။ဒါပေမယ့် ၅ တန်းကသိခဲ့တဲ့ သူငယ်ချင်း ၃ ယောက်မှာ ကျော်နိုင်ကလွဲ လို့ ကျန်တဲ့နှစ်ယောက်နဲ့ အတွဲမပျက်ခဲ့ပါဘူး။ကောင်မြတ်သူ ဆို တဲ့သူငယ်ချင်းတစ်ယောက်တိုးလာတယ်။
ကျနော်တို့ ကျောက်မြောင်း မှာကျူရှင်အတူတူတက်ကြတယ်။အပြန်ဂိမ်းကစားကြတယ်။ ကျနော် က ရေနံစစ်တိုက်တာနဲ့ မြေခွေးကားမောင်းမှာတော့ အာလုံးကိုနိုင်ပါတယ် ။
ဒီလို နဲ့ ၇ တန်းရောက်လာခဲ့ပါတယ် ။၇ တန်းရောက်မှ တော်တော်ကဲ တက်လာပါတယ် ။ရဲမင်း၊ကောင်းမြတ်သူ တို့ အတန်းပြောင်းသွားခဲ့ပေမယ့် သက်ဇော်ထွေး နဲ့  ကတော့အခန်းတူပါတယ်။ အဲဒီနှစ်မှာ စပြီးကဲဖြစ်ကြပါတယ်။၁၆၅ လမ်းထိပ်မှာနေ တဲ့မိုးဇော်ဇော်အောင် ၊ မင်းလမ်း က သက်ထူးမောင်၊ ဇင်မင်းထွန်း၊ ဝေယံထွန်း၊ သူရဝင်းထွန်း နဲ့  ချစ်စမ်းမောင် တို့ နဲ့ အတွဲတော်တော်မိကြပါတယ်။ထူးခြားချက်က ကျနော်တို့အားလုံးကအရွယ်တူဆိုက်တူတွေ ဖြစ်နေကြတာပါ။ နောက်တစ်ခု က ကျနော်သူငယ်ချင်း သူရဝင်းထွန်းဟာ ၂၀၀၈ ကထိုင်းနိုင်ငံ မှာ ခင်ခဲ့တဲ့ ဖြိုးလေး(ပြည့်ဖြိုးရှိန်) ရဲ့သူငယ်ချင်းဖြစ်နေတာပါ။
ကျနော်တို့  အားလုံးနေရာတော်တော်များများမှာ စိတ်ချင်းတူကြပါတယ်။
စာသင်ချိန် အားရင်ဖြစ်ဖြစ် ၊ဆရာမ မလာရင်ဖြစ်ဖြစ် ဖဲရိုက်ပြီး စီးပွားရှာကြပါတယ်။ဖဲ မရှိရင် စာအုပ်လှန် ကြပါတယ်။အချင်းချင်း ထက်အခြားလူတွေ နဲ့ ရိုက်ကြပါတယ်။ ရတဲ့ပိုက်ဆံနဲ့ မုန်ဈေးတန်းမှာ အတူတူစားကြပါတယ်။ကျူရှင်ကိုတော့ ကျိုက္ကဆံ အိမ်ယာ မှာအတူတူတက်ကြပါတယ်။ ကျူရှင်ဆင်း ရင်ဘောလုံးကန်ကြပါတယ် ။ကျောင်းမှာ အခြားလူတွေ နဲ့ ရန်ဖြစ်ရင် အားလုံးဝိုင်းထိုးကြပါတယ်။ ရန်ဖြစ်တိုင်း ကျနော်တို့ ဘက်ကပါပေးတာကတော့ တာမွေကားပွဲစား တန်းအနား က မဂ္ဂင်ဆရာတော်ရဲ့ တူအရင်း ရဲမျိုးအောင် ပါဘဲ။သူက တောမှာကြီးတာဆိုတော့ အကောင်ကြီးပါတယ်။သူရှိနေတာ ကြောင့် ဘယ်သူမှမထိရဲကြပါဘူး။
ကျနော်တို့ ကျောင်းပိတ်နဲ့ မနက်တွေ မှာ ရွှေတိဂုံ ဘုရားကို သွားကြပါတယ်။အပြန်ကန်တော်ကြီး ဝင်ကြပါတယ်။မြောက်ဥက္ကလာမှာနေတဲ့ ချစ်စမ်းမောင်ကလွဲရင် လူစုံပါတယ်။ အပြန် ငါးထပ်ကြီး ဝင်ပြီး ထန်းရေသောက်ကြပါတယ်။ငါးထပ်ကြီးဘုရား ကခေါင်းလောင်ထဲမှာတောင် သူငယ်ချင်း အာလုံးရဲ့ နာမည်တွေ ရေးခဲ့ ကြပါတယ်(၁၀ ဖြေပြီးရောက် လို့ သွားကြည့်တော့ရှိနေပါသေးတယ်။)

ဒီလို နဲ့ ၈ တန်းရောက်တော့ရင်တွေ ခုန်နေတက်ကြပါပြီ။ သက်ထူမောင်က ကျနော့် အိမ်ရှေ့မှာနေတဲ့ ကျနော့်ငယ် သူငယ်ချင်းမြတ်ဆုမွန် နဲ့ ရည်းစားဖြစ်သွားကြပါတယ်။ဝေယံထွန်း ကတော့ နောင်တစ်ချိန် ကျောင်းမှာ ရည်းစားများလို့ နာမည်ကြီးလာမယ့်  ဝင့်ဝါ ဆိုတဲ့ ကောင်မလေးနဲ့ ညိနေကြပါတယ်။ မိုးဇော်ဇော်အောင် ကတော့ ဘယ်မိန်းကလေးကို မှစကားပြောလေ့မရှိပါဘူး ။သူကိုမာနကြီးလို့ ဆိုပြီး ဘယ်ကောင်မလေးမှမခေါ်ကြပါဘူး။ ကျနော် ကတော့ကယ်လီစမွန် ခလေးအားဆေးကြော်ညာထဲ မှာပါခဲ့တဲ့ ကောင်မလေး ကိုလိုက်နေခဲ့ပါတယ်။ချစ်လို့ မဟုတ်ပါဘူး။သူငယ်ချင်းတွေ ကဘယ်သူကိုကြိုက်လဲ လို့ မေးတော့လှတယ်လို့ ထင်တဲ့တစ်ယောက်ကို ရွေးလိုက်တာပါ။၈ တန်းနှစ်မှာတော့ ဆေးလိပ်စသောက် ဖူးတာပါ။ခေါင်ရည်ကို တော့တစ်ပတ်တစ်ခါလောက်သောက်ဖြစ်နေပါတယ်။တံဆိပ်တောင် မှတ်မိနေပါတယ်။ကျန်ကျောင်းတဲ့။ကျောင်းလည်တစ်လတစ်ခါလောက်ပြေးကြပါတယ်။မြို့ ပတ်ရထား၊ဒါမှမဟုတ် ၅ ထပ်ကြီးမှာနေကြပါတယ်။ကျောင်းပြေးရင် အကုန်ပြေကြတာပါ။အဲဒါကြောင့် ဆရာမတွေ သိကြပါတယ်။တိုင်စာလည် ပို့ ပါတယ်။ ဒါပေမယ့် ကျနော် တို့ အားလုံး (ဝေယံထွန်းက လွဲရင်) စာရကြပါတယ်။ အဆင့် ၁၄ ၁၅ ၂၀ လောက်ရကြပါတယ်။အဲဒါကြောင့် ဆရာမ ကသိပ်မပြောကြတာပါ။
ကျနော့် အချစ်ဦး
ကျနော့် ဘဝမှာ စပြီးအချစ် နဲ့ တွေ့ ခဲ့တာက ၉ တန်းနှစ်ပါ။သူငယ်ချင်း အားလုံး တိုင်ပင်ပြီး ECO တွဲယူကြပါတယ်။ ကျောင်းတက်ပြီး ၁၀ ရက်လောက်ကြာတော့ အတန်းထဲ ကို BIO အခန်ကကောင်မလေးတစ်ယောက်ပြောင်းလာတယ် ။သူ့ ရဲ့နာမည် ကမွှေးမွှေးချစ်တဲ့။ ကျနော် ရဲ့ဘေးကခုန်မှာ ဆရာမ ကပေးထိုင်တယ်။သူ အခြားကောင်မလေးတွေထက် ခန္ခာကိုယ်တော်တော်လှတယ်။ ရှယ်ဘော်ဒီပေါ့ ။နောက်တစ်ခုက သူကို အခြားကောင်မလေးတွေ ကမခေါ်ကြဘူး ။ဘာလို့ လဲတော့ ကျနော်လည်း သေသေချာချာမသိဘူး။ နေ့ လည်ထမင်းစာချိန်ရောက်တော့ အားလုံးက ကိုယ့်အဖွဲ့ နဲ့ ကို စားကြတယ်။ကျနော်တို့ လည်းစားကြရော ကျနော့်သူ ကိုကြည့်တာသူတစ်ယောက်ထဲ စားနေတာတွေ့ ရတယ်အဲဒါကြောင့် ကျနော် က အတူတူစားကြရအောင်လို့ သွားပြောတယ် ။သူက လက်ခံတော့တူတူစားကြတယ်။ အဲဒီနေ့ က သူ ပန်းရောင် ဖလံထည် အနွေထည်ဝတ်ထားတယ်။ အဲလို နဲ့ ကျနော် တို့ နှစ်ယောက်ခင်ခဲ့ကြတယ်။ ဒီလို နဲ့ ၂ ပတ်လောက်ကြတော့ ယောကျာင်္းလေးတော်တော်များများဟာ
သူ့ ကိုကြိုက်နေကြပြီဆိုတာ ကျနော်သိလိုက်ရတယ်။
သူ ကအခြားလူတွေထက် ကျနော့် ကို ပိုခင်ပါတယ်။ ကျနော်လည်း သူကိုချစ်နေမိပြီ။ ကျောင်းလွတ်တိုင်း သူနေတဲ့နေသူရိန် လမ်းမရောက်ခင် မင်းလမ်း ထိပ်အထိသူ့ ထမင်းချိုင့်ဆွဲပြီးလိုက်ပို့ ခဲ့တယ်။သူငယ်ချင်းတွေတောင် ရည်းစာဖြစ်နေပြီလားလို့ မေးကြတယ်။ကျနော့်မှာ ကောင်မလေး တစ်ယောက်ကို အဲဒီအချိန် ရည်းစားစကားပြောဖို့ သတ္တိ မရှိဘူး။တစ်နေ့ ကျောင်းလွတ်တော့ မိုးအရမ်းရွာနေတယ်။သူ့ ဆီမှာထီးပါမလာဘူး။ကျနော်က အချစ်သူရဲကောင်းလုပ်ပြီးသူ့ ကို ထီးပေးလိုက်တယ်။သူကငြင်းပါသေးတယ်။ကျနော် အတင်းပေးတာနဲ့ သူ ယူသွားတယ်။ အိမ်ရောက်တော့ အမေ က မိုးထဲလေထဲ မှာပြန်လာတဲ့ကျနော့်ကို ထီးဘယ်မှာလည်းလို့ မေးတော့ မေ့သွားတယ် လို့ ဖြေတော့ မိုးဒီလောက်ရွာနေတာ မေ့တယ်ဆိုတာမဖြစ်နိုင်ဘူး ဆိုပြီးအတင်းမေးတယ်။ကျနော်လည်ပြောပြလိုက်တယ်။


နောက်မှဆက်ရေးတော့ မယ် ။အခု Feel ဝင်လို့ ရေးလိုက်တာ တော်တော်တောင်များနေပြီး

Monday, July 6, 2009

Saturday, July 4, 2009

Present for US Independent Day အားကြစရာလွတ်လပ်ရေး



အားကြစရာကောင်းတဲ့ လွတ်လပ်ရေးနေ့ တနေ့ ပါ။အမေရိကန်နိုင်ငံ ရဲ့ ၂၃၃ နှစ်မြောက်လွတ်လပ်ရေးနေ့ ဟာ ကျနော်တို့ ဗမာတွေ အတွက်အလွန်အမင် အားကြစရာကောင်းလှပါတယ်။သူတို့ ဟာသူတို့  လွတ်မြောက်မှုကို ထိုက်တန်စွာ အသုံးချနိုင်ခဲ့ပါတယ်။အဲဒါကြောင့် ယခုအချိန်မှာ ကမ္ဘာထိပ်တန်းနေရာကို ရောက်ရှိနေပြီ ဆိုတာကို ဘယ်သူမှမငြင်းနိုင်ပါဘူး။ှကျနော် တို့ တိုင်းပြည်ကတော့လွတ်လပ်ရေးရပြီးနောက်ပိုင်းတိုးတက် ရမဲ့အစား ပိုပြီးဆင်းရဲ မွဲတေပြီ အောက်တန်းစားဘဝကိုရောက်ရှိနေပါတယ်။ ဘယ်သူကြောင့်လဲဆိုတာ ကတော့ အကျိုးကြောင့် အကြောင်းဖြစ်တဲ့ တရားသဘာနဲ့ သာဖြေ ရပါမယ် ။ဒါပေမယ့် ကျနော်တို့ တွေ အမေရိကန် တွေကိုအားကြအတုယူသင့်ပါတယ်။ ဘာဘဲဖြစ်ဖြစ် ၂၃၃ နှစ်မြောက် အမေရိကန်လွတ်လပ်ရေးအတွက် ဂုဏ်ယူရပါတယ်။ ကျောင်းမှာ ဆိုနေကြအတိုင်း
"I pledge allegiance to the Flag of the United States of America, and to the Republic for which it stands, one Nation , indivisible, with liberty and justice for all."
"လွတ်လပ်တဲ့ အမေရိကန် အဓွန့် ရှည်ပါစေ။"

Wednesday, July 1, 2009

The Best Action Movie

ကျနော် ကြည့်ဘူးသမျှ Action ကားတွေ ထဲမှာတော့ ကောင်းဆုံးလို့ ထင်ပါတယ်။အမေရိကန် Gang Star တွေလောက် ကသနားပါတယ်။၇ နှစ်အရွယ်ခလေးက အစ........... ။City Of God ဆိုပေမယ့် ဘာသာရေးဇာတ်လမ်းအဟုတ်ပါ။ တော်တော်လေးကောင်းပါတယ် ။ အောက်က လင့်မှာကြည့်နိုင်ပါတယ် ။

www.shweo.com/index.php?&option=com_content&view=article&id=46&Itemid=53&moviemode=playdrama&movietag=944&moviepart=1