Saturday, July 18, 2009

ကြိုးစားပေါ့မယ်

ကျနော့် ဘလော့ကို အလည်လာခဲ့သူ များအလကားပြန်သွားရတာမျိုးတကယ်ကိုမဖြစ်စေချင်ပါဘူး။ တကယ်တော့ဘလော့တွေလုပ်တယ်ဆိုတာအပြောလွယ်သလောက်အလုပ်ခတ်ပါတယ်။ နေ့ တိုင်းပို့ အသစ်တင်ဖို့ ဆိုတာကျနော်တို့ လို မလောက်လေးမလောက်စား ချာတိတ်တွေ အတွက်တော်တော်ကို ခတ်ခဲပါတယ်။သူများဘလော့တွေသွားလည်တိုင်းအားကြရပါတယ် ။ဒီဘလော့ကိုလွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်က ကွန်ပြူတာနေ့ တိုင်းမသုံးနိုင်တဲ့ကြား က ကိုပြည့်စုံနဲ့  မျိုးချစ်မြန်မာ ဘလော့တို့ ကိုအားကြလို့ လိုက်လုပ်ကြည့်ခဲ့တာပါ။ တကယ်လုပ်ရတဲ့အခါ တော့ဘာမှကိုမလုပ်တတ်ပါဘူး။ ဒီလိုနဲ့ ပစ်ထားခဲ့တာတော်တော်ကြာပါပြီ ။ လွန်ခဲ့တဲ့ ၄ လလောက်က ညမီးအိမ်(ကို/မ) ရဲ့ဘလော့လေးကိုသွားကြည့်မိပြီး co.cc နဲ့  link ချိတ်ခဲ့ပါတယ် ။ဒါပေမယ့်ကျောင်းနဲ့ အလုပ် အရမ်းရှုပ်နေလို့  မလုပ်နိုင်ခဲ့ပါဘူး။ဒီလပိုင်းအတွင်းမှာနွေရာသီကျောင်းပိတ်နေတာကြောင့် ဘလော့လုပ်နည်းတွေ လေ့လာပြီး မတတ်သတတ်လုပ်နေခဲ့တာပါ ။အဲဒီမှာရလိုက်တဲ့ အောင်မြင်မူကတော့ သူငယ်ချင်းတစ်ယောက်ဘလော့ ဖန်တီးဖို့ စည်းရုံတာအောင်မြင်ခဲ့ပါတယ်။သူ ကတော်တော်လေး သူ့ ဘလော့ကို ဂရုစိုက်ပါတယ် ။နေ့ တိုင်း လည်းအသစ်တင်ပါတယ်။ကျနော်သူ့ ဆီကိုခဏခဏသွားသွားလည်ပါတယ်။နောက်တစ်ယောက်ကို ကျေးဇူးတင်ရမှာကတော့ မမ ရည်မွန်ကျော်ပါ။ သူကတော့ကျနော့်ကို မြန်မာစာကျွမ်းကျွမ်းကျင်ကျင် ရိုက်တတ်လာအောင် သင်ပေးခဲ့သူပါ။ကျနော် ကွန်ပြူတာသုံးတာ ၄ နှစ်လောက်ရှိပြီဆိုပေမယ့် မြန်မာလို ရိုက်တတ်တာ ၄ လလောက်ဘဲရှိပါသေးတယ်။ အခုတလော ကျနော် ပျော်ပါတယ် ။ကျနော့် ဘလော့ကို အများကြီးလာလည်ကြလို့ ပါဘဲ။ အများကြီးဆိုတဲ့နေရာမှာ ကျနော့်အတွက်များတာပါ။ ၁၀၀ ဆိုတဲ့လူ အရေအတွက်ဟာ အခြားဘလော့ကာ တွေကြားမှာတော့၇ီစရာပါ ။ကျနော့်အတွက်တော့ အားဆေးတစ်ခတ်ပါ။
ဒီနေ့  cbox ထဲမှာ ကြယ်ကလေးရေးသွားတဲ့ ဘာမှလည်မရှိဘူးဆိုတာ ကျနော်ခံစားရပါတယ် ။သူကိုတော့ကျေးဇူးအထူးတင်ပါတယ် ။ကျနော် အများကြီးကြိုးစာရဦးမယ်ဆိုတာနားလည်ပါတယ် ။တကယ်တော့ဘလော့ဆိုတာ ကျနော့်အတွက်တော့ စိတ်ထွက်ပေါက်တစ်ခုပါ။ အဲဒါကြောင့်ကျနော် တစ်ခါတစ်လေ စိတ်ထဲမှာရှိနေတာတွေ ကိုတင်လိုက်တာပါ ။ အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။တစ်နေ့ တစ်ခု တင်နိုင်အောင် ကြိုးစားကြည့်ပါ့မယ်။

1 comment:

ဒေါင်းတမာန် said...

စိတ်မပျက်ပါနဲ့  အားတဲ့ အချိန်မှာ ရင်ထဲရှိတာသာ တင်ပါ အဆင်ပြေသွားမှာပါ ဘလော့ခ်ပညာသိပ်တတ်ဖို့ မလိုပါဘူး ရင်ထဲက နေကိုယ်ဘာကို စေတနာနဲ့ လူတွေသိစေချင်တာဘဲ လိုပါတယ် ။ အဆင်ပြေပါစေ