Saturday, July 4, 2009

Present for US Independent Day အားကြစရာလွတ်လပ်ရေး



အားကြစရာကောင်းတဲ့ လွတ်လပ်ရေးနေ့ တနေ့ ပါ။အမေရိကန်နိုင်ငံ ရဲ့ ၂၃၃ နှစ်မြောက်လွတ်လပ်ရေးနေ့ ဟာ ကျနော်တို့ ဗမာတွေ အတွက်အလွန်အမင် အားကြစရာကောင်းလှပါတယ်။သူတို့ ဟာသူတို့  လွတ်မြောက်မှုကို ထိုက်တန်စွာ အသုံးချနိုင်ခဲ့ပါတယ်။အဲဒါကြောင့် ယခုအချိန်မှာ ကမ္ဘာထိပ်တန်းနေရာကို ရောက်ရှိနေပြီ ဆိုတာကို ဘယ်သူမှမငြင်းနိုင်ပါဘူး။ှကျနော် တို့ တိုင်းပြည်ကတော့လွတ်လပ်ရေးရပြီးနောက်ပိုင်းတိုးတက် ရမဲ့အစား ပိုပြီးဆင်းရဲ မွဲတေပြီ အောက်တန်းစားဘဝကိုရောက်ရှိနေပါတယ်။ ဘယ်သူကြောင့်လဲဆိုတာ ကတော့ အကျိုးကြောင့် အကြောင်းဖြစ်တဲ့ တရားသဘာနဲ့ သာဖြေ ရပါမယ် ။ဒါပေမယ့် ကျနော်တို့ တွေ အမေရိကန် တွေကိုအားကြအတုယူသင့်ပါတယ်။ ဘာဘဲဖြစ်ဖြစ် ၂၃၃ နှစ်မြောက် အမေရိကန်လွတ်လပ်ရေးအတွက် ဂုဏ်ယူရပါတယ်။ ကျောင်းမှာ ဆိုနေကြအတိုင်း
"I pledge allegiance to the Flag of the United States of America, and to the Republic for which it stands, one Nation , indivisible, with liberty and justice for all."
"လွတ်လပ်တဲ့ အမေရိကန် အဓွန့် ရှည်ပါစေ။"

No comments: