Showing posts with label . Show all posts
Showing posts with label . Show all posts

Wednesday, July 22, 2009

တခါတရံ

တခါတရံ
တခါတရံ
အချစ်က ပြည်နှင်ဒဏ်ပေး
အဆွေး နဲ့ နေရတော့
လောကဓံ ကို နဘန်ကျင်းပြီး
နရင်းရိုက်ချင်ပါရဲ့။
အထီကျန်မှုညတွေ ထဲ
ဘဝ ဆိုတာ တကယ်တော့
ဆေးလိပ်တစ်လိပ် လိုပါဘဲ
သိပ်မတို ခင်အချိန်အထိ
အရသာရှိပါရဲ့
အစီခံ ကိုရောက်တော့
ဘယ်သူသောက်ချင်တော့မှာလည်း။
တကယ်တော့ ချစ်သူဆိုတာ
မရှိမဖြစ် လို့ ယူဆကြပေမယ့်
မီးမလာတဲ့ ရန်ကုန်ညလို
အချိန်တန်တော့ လည်း
နေထွက်ရတာပါဘဲ။ ။




စိတ်ထဲ ကဗျာဟာ ဘာကိုမှမရည်ရွယ်ပါဘူး။