Friday, January 29, 2010

Mozilla Firefox 3.5.8 Pre Portable


Mozilla Firefox 3.5.8 Pre Portable | 21,3MB
သူများကွန်ပြုတာမှာ သုံးမယ် ဆို ရင်
ကျောင်းတွေ အလုပ်တွေ မှာ သုံးမယ်ဆို
install လုပ်စရာမလိုဘဲ ဒေါင်းလို့ ရပါတယ်.


Mozilla Firefox - the browser is very fast, and speed of apparent not only during loading web pages,

but when looking at bookmarks and history. Made it through the engine, and Mozilla allows you to

view all Web pages in one window mnogovkladochnom, but also has many other useful options, including
the ability to significantly enhance connectivity plug-ins (and released them a great many).

Main features of Mozilla Firefox:
"Pop-up Blocker (born pop-up)
"Support the tabs (English tabbed browsing) (a few pages in one window)
"Built-in search bar in search engines and dictionaries
"So-called" Live Bookmarks "(born Live bookmarks) - the mechanism of integration of RSS-streams
"Ample opportunities to configure the behavior and appearance
"Support for multiple extensions
"Built-in tools for web developer
"Automatic updates of both the browser and its extensions (version 1.5)
"The mapping of content at once (makes it comfortable to continue surfing even with incomplete page

LINK


http://www.file-rack.com/files/d1oCyWCLTD2q/firefox.rar.html

Media Convert Master


Image
ဒီ converter လေးလည်း သုံးလို့ ကောင်းပါတယ် ။
လိုချင်တယ် ဆိုရင်ပေါ့.....
Media Convert Master v8.4.1.200 |45MB

Media Convert Master is a professional video converter, you can convert your video and audio files from one format to another. It supports multiform convert formats including AVI, MP4, 3GP, MPEG, MOV, WMV, RM, SWF, AAC, AC3, MP2, MP3, AMR, WAV, VOB and ASF. It is extremely professional converting software with fast conversion speed and high quality. It can let users enjoy their video converting.

Main Functions:
Video Conversion
Audio Conversion
Features List:
It can convert all formats to AVI, MP4, 3GP, MPEG, MOV, WMV, BM, SWF, AAC, AC3, MP2, MP3, AMR, WAV, VOB and ASF.
Adjustable edit profile to add or delete formats at your will.
Batch convert video formats.
Supports any video formats user defined as the output.
You can customize video profiles video and parameters for output video.

Step by Step How to convert a file:
1. Click "Open" button to add the video files that you want to convert.
2. Click the desired Main Panel button to select a target format that you want to convert to.
3. Then click "Edit Profile" button to customize profile properties.
4. Set a valid output directory to save converted files before start converting. Click "Browse" button to select desired output directory or write valid output directory manually.
5. Click the "Convert" button to start your converting. There will be a new file in your selected output directory.
Supported Formats:
AVI, MP4, 3GP, MPEG, MOV, WMV, RM, SWF, AAC, AC3, MP2, MP3, AMR, WAV, VOB and ASF

Image
http://hotfile.com/dl/25805467/d6b6025/Media_Convert_Master.rar.html

Tuesday, January 19, 2010

http://messengerforbuddhist.blogspot.com/

အခုတစ်လော http://messengerforbuddhist.blogspot.com/ တဲ့ဘလော့က နာမည်အရမ်းကြီးနေပါတယ်။ Fwd မေးတွေလဲ ခဏခဏရောက်လာပါတယ်။ဒီဘလော့ကို ဝိုင်းဖျက်ပေးဖို့ ပြောနေကြာတာ ကြားရတယ်။ လွတ်လပ်စွာရေးသားခွင့် ကရောဘယ်လို ဆိုတာ ..... ။ ဒီလိုဘလော့တွေ ကိုဖတ်မိရင် အသိညဏ် နုတဲ့လူတွေကို ထိခိုက်နိုင်ပါတယ်...
ဒီတော့လည်း ဖျက်မယ် ဆိုရင် http://anti786.blogspot.com ကိုပါ ဖျက်သင့်ပါတယ်........ မျှမျှတတ ဖြစ်သွားတာပေါ့............................ ဒီလိုစော်ကားမော်ကားရေးတာ က တော့ မသင့်တော်တာ အမှန်ပါဘဲ

Thursday, January 7, 2010

USAဖတ်စာထဲ က ဒေါ်အောင်ဆန်းစုကြည်



အမေရိကန် အထက်တန်းကျောင်းအများစု ရဲ့ ဖတ်စာအုပ်အဖြစ် အသုံးပြုတဲ့ Mcdougal Littell ထုတ်တဲ့ ၂၀၁၀ Modern World History ရဲ့ မျက်နှာဖုံးမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံ ပါတာကိုထူးခြားစွာတွေ့ ရပါတယ်။ ကျနော် ယူထားတဲ့ World History Class ရဲ့ ဖတ်စာအုပ်မှာ တွေ့ လိုက်ရလို့ အံသြမိပါသေးတယ်။ ဘာဘဲပြောပြော ဂုဏ်ယူစရာပါဘဲ ။ မြန်မာတစ်ယောက်အနေ နဲ့ ဂုဏ်ယူမိပါတယ်။

Wednesday, December 30, 2009

အင်တာနက် ကနေ ဘောလုံးပွဲကြည့်မယ်

ကျနော် ကို Online ကနေ ဘောလုံးပွဲ ကြည့်ဖို့ မေးကြတဲ့လူတွေ အများကြီးပါ။ ကျနော် လည်းပြောပြပါတယ် သေသေချာချာ မလုပ်တတ်ကြတော့ နောက်ဆုံး Teamviewer နဲ့ ပါ ပြန်လုပ်ပေးရတယ်။ ကျနော်လည်း မအားတော့ ပြန်မပြောပြပေးနိင်တဲ့လူတွေ ကို အရမ်းကို အားနာလာပါတယ်။ ဒါကြောင့် ဒီ post လေးကိုတင်လိုက်တာပါ။


ဘောလုံးပွဲ ကြည့်မယ်ဆိုရင် ပထမဆုံးအနေ နဲ့  www.myp2p.eu ကို သွားရမှာဖြစ်ပါတယ်။အဲဒီမှာ Software ဆိုတော့ Tag လေးရှိပါတယ်။ အဲဒီကနေ Sopcast ဆိုတဲ့ ဆော့ဝဲနဲ့  TVU ဆိုတဲ့ ဆော့ဝဲ ကိုပါယူရပါမယ်။



ဆော့ဝဲတွေ ကို ဒေါင်းလော့ လုပ်ပြီးသွားရင်တော့ အင်စတော့ လုပ်ပါ။ အားလုံးပြီးရင်တော့.. live sport ဆိုတဲ့ tag ကနေ Football ဆိုတဲ့ tag အောက်ကိုသွားလိုက်ပါ။




ရွေးချယ်ပြီးသွားလို့ Next Page ပေါ်လာတဲ့ အခါမှာတော့ အောက်မှာပါတဲ့ ပုံအတိုင်း လက်ရှိအချိန်အတွင်းမှာ ကန်နေသော နိင်ငံတကာချစ်ကြည်ရေးပွဲ ၊ ကလပ်ပွဲတွေကို မြင်တွေ့ရမှာပါ။ အဲဒီအခါမှာ ကိုယ်ကြည့်ချင်တဲ့ အသင်းကို တွေ့ရင် ညာဘက်မှာပါလာတဲ့ တီဗွီပုံလေးနဲ့ Live ဆိုတာလေးကို ကလစ်လုပ်ပေးလိုက်တဲ့ အခါမှာတော့.....




ကိုယ်ကြည့်ချင်တဲ့ ဘောလုံးအသင်း ၂ သင်း တစ်ခုတည်းသာပါတဲ့ နေရာကို ရောက်သွားပါလိမ့်မယ်။ အဲဒီ ၂ သင်းရဲ့ အောက်မှာတော့ ထိုနှစ်သင်းကန်နေတာကို ပြသမဲ့ လင့်ခ်တွေ ပေါ်လာပါလိမ့်မယ်။

ဒီဆိုရင်တော့ ကြည့်လို့ ရပါပြီ။ တကယ်လို့ ကြည့်မယ် ဆိုရင် Sopcast က အဆင်အပြေဆုံးပါ။ အထူးသဖြင့် YES TV နဲ့  SOCCER FOX ပါ ။ အဆင်မပြေတာများရှိရင်တော့ .... C box ကနေ မှာထားခဲ့နိုင်ပါတယ်။

Sunday, December 20, 2009

Equal Share လား?

ကျောင်းတွေမပိတ်သေးတဲ့ဒီဇင်ဘာ ၁၆ ရက်နေ့ ကပေါ့ ။ကျောင်းမှာ ကျနော် debate တစ်ခုကို အသည်းအသန် ဆင်နွဲလိုက်ရတယ်။ တစ်ယောက်နဲ့ အများပေါ့။ ဒါပေမယ့် အဆုံးမှာကြေနပ်ပျော်ရွှင်စွာ ကျနော် အနိုင်ရခဲ့တယ်။ ကျနော် ရဲ့လုပ်ရပ်အတွက် ကျနော် ဂုဏ်ယူမိသလိုပါဘဲ။ ကျနော် တကယ်ကို ကြေနပ် မိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့  Greeley West High School မှာ နိုင်ငံတကာကျောင်းသား အတော်လေးကို တတ်ကြတယ်လေ။ အဲဒါကျောင်းက နိုင်ငံသားအသစ်တိုင်း သူ့ နိုင်ငံရဲ့အလံကို ကျောင်းအဝင် မိန်း လမ်းရဲ့ မျက်နှာကျက်မှာ တပ်ပေးတဲ့အစဉ်အလာရှိတယ်လေ။ အဲဒါကြောင့်ကျောင်းအုပ်နဲ့  တခြားဆရာ ဆရာမ တွေက နိုင်ငံတကာက ကျောင်းသားတွေကို ခေါ်တွေ့ ကြပါလေရော။ အဲဒါနဲ့ နိုင်ငံတကာက ကျောင်းသားတွေကို သူ တို့ နိုင်ငံအလံနဲ့ သူ တို့ နာမည်ရေးပေးမယ့် အကြောင်း ပြောပြပြီး အလံတွေကိုပြ ပါရော။
အဲဒါနဲ့ ကျနော် တို့ မြန်မာပြည်သားတွေကို မြန်မာအလံတင်ပေးမယ့် အကြောင်း ပြောပြတယ်လေ။ အဲဒါနဲ့ ကျနော်က ကျေးဇူးတင်ကြောင်းပြော ပြီပြန်ထွက်မလို့ အဲမှာ ကရင်တွေက မြန်မာအလံတင်တာကို ကန့် ကွက်ကြောင်း သူတို့ မှာ ကိုယ်ပိုင်အလံရှိကြောင်းပြောကြတယ်။ တစ်ချို့ ထိုင်းမှာမွေးတဲ့ ကရင်တစ်ချို့ က သူတို့  ထိုင်းကလာတာဖြစ်ကြောင်းဝိုင်းပြောကြတယ်လေ ။ဒီတော့သိတဲ့အတိုင်းဘဲ ပွဲဆူသွားတာပေါ့။ ကျနော် လည်း အံသြသွားတာပေါ့။ ဘာလုပ်တာဘာလဲဆိုပြီး ။
အဲဒါနဲ့ ကျနော်က ကျောင်းအုပ်ကြီးကို ကရင်အလံ တင်တာကို ကန့် ကွက်ကြောင်းထပြောတာပေါ့။ ထိုင်းနိုင်ငံမှာမွေးတဲ့လူအတွက် ထိုင်းအလံတင်တာကို လက်ခံကြောင်း ပြောလိုက်တယ်၊ အဲဒါနဲ့ ဆရာမတစ်ယောက်ကမေးတယ် “ဘာကြောင့်လဲ” တဲ့ ဘာကြောင့် သဘောမတူနိုင်သလဲဆိုတာ ကို ပြောပါဦးတဲ့။ အဲဒါကို အခြားဆရာမတစ်ယောက် Debate လုပ်မလားတဲ့ ကျနော်က အခြေအနေကိုကြည့်လိုက်တယ် ။
ကျနော် ကတစ်ယောက်ထဲ သူတို့ က ၉ ယောက်ဆိုတော့ ဖြစ်ပေါ့မလားလို့ တွေးနေတုန်း ကျနော် တို့ တိုင်းပြည်အကြောင်းကျနော် ပြောပြလို့ သေသေချာချာ သိတဲ့ ကျနော့် သူငယ်ချင်း နာဒီယာဆိုတဲ့ ယီမင် က ကောင်လေးက လုပ်ဖို့ အတင်းတိုက်တွန်းတယ်။ သူလည်း ဝိုင်းပြောမယ် တဲ့ ။ အဲဒါနဲ့ ကျနော်လည်း လုပ်မယ်လို့ ပြောလိုက်တယ် ။ လူတွေက အတော်လေးများတယ် ဆိုတော့ စကားပြောဖို့ ကျနော် ကြောက်မိတာ အမှန်ဘဲ ။ ဒါပေမယ့် ကျနော့် အရမ်းကို ပြောချင်နေမိပြီ။
ဒါနဲ့ ကျနော် ကပြောပြတယ်ပေါ့ ကရင်ဆိုတာ ကျနော် နိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးတစ်မျိုးပါပေါ့။ နောက်ပြီး လူနည်းစုဖြစ်တဲ့အကြောင်း အင်္ဂလိပ် ခေတ်မတိုင်ခင်မှာ အေးအေးချမ်းချမ်း တောထဲမှာသာနေကြကြောင်း ၊ နောက်ပိုင်မှ နယ်ချဲ့သွေးခွဲမှုကြောင့် အများစုဖြစ်တဲ့ ဗမာလူမျိုးတွေနဲ့ ပြသနာ ဖြစ်ကြကြောင်း၊ သူတို့ ကပြောတယ် သူတို့ က ပြောတယ် သူတို့ တိုင်းပြည်ကို မြန်မာတွေ သိမ်းပိုက်ထားကြောင်း စစ်သားတွေက မတရားနိုပ်စက်ကြောင်း၊ ဒါနဲ့ ကျနော် အလှည့်ရောက်တော့ ကျနော်က
သူတို့ တိုင်းပြည်ဆိုတာ မရှိကြောင်း ၊ ပြည်နည်တစ်ခု အဖြစ် မြန်မာ အစိုးရ က သတ်မှတ်ပေးခဲ့ကြောင်း၊ ဝီကီဒီးပီးယား တို့ သမိုင်စာအုပ်တွေမှာသေခြာကြည့်နိုင်ကြောင်း ပြောပြပါတယ်။ နောက်ပြီး အလံကိစ္စမှာ ကရင် အလံမတင်သင့်ကြောင်း ဥပမာ - ဟန်တရုတ်ဖြစ်ဖြစ် မန်ချူးဖြစ်ဖြစ် ကူမင်တန်ဖြစ်ဖြစ် တရုတ်သာဖြစ်ကြောင်း၊ အမေရိကန်မှာလည်း အာရှက ဖြစ်ဖြစ် ၊ မက္ကစီကန် ဖြစ်ဖြစ် ၊ အင်ဒီယန်ဖြစ်ဖြစ် ဒီမှာမွေးဒီမှာကြီးလျှင် အမေရိကန်လို့ သာခေါ်ကြောင်း၊ အမေရိကန်နိုင်ငံသားတစ်ယောက် တရုတ်ပြည်မှာကျောင်းသွားတတ်လို့  သူနိုင်ငံ အလံတင်ဖို့ ကိစ္စပေါ်လာရင်လည်း အားလုံးက အမေရိကန်အလံတင်မှသာဘဲ လက်ခံမှာဖြစ်ကြောင်း တကယ်လို့  သူ က နယူးယောက်သားဖြစ်လို့ နယူးယောက်အလံတင် ချင်တာတို့ ကော်လိုရာဒိုပြည်နယ်မှာ မွေးလို့ ကော်လိုရာဒို အလံတင်ချင်တာကို ဘယ်သူမှလက်ခံနိုင်မှာမဟုတ်ကြောင်း ကျနော် ပြောလိုက်ပါတဲ့အခါ သူတို့ ဘာမှဆက်မပြောနိုင်အောင် ကျနော် အသာဆီး ရလိုက်ပြီးဆိုတာ ကျနော် သိလိုက်ပါတယ်။
ဒါနဲ့ ဆရာ၊ဆရာမတွေလည်း လက်ခံပြီး ကရင်အလံမတင်ဖို့ သဘောတူလိုက်ကြပါတယ်။ ကျနော်လည်းတကယ်တော့ ကိုယ်မြန်မာပြည်သားအချင်းချင်း ပြသနာမတတ်ချင်ပါဘူး။ ဒီနေရာမှာက ဗမာလူမျိုးကျောင်းသားဆိုလို့ ကျနော် တစ်ယောက်ဘဲရှိတယ်လေ။ သူတို့ ကအများစုပေါ့။ ကျနော်တို့ ကျောင်းမှာ သူတို့ က အခြားလူဘယ်သူနဲ့ မှာ အပေါင်းအသင်းမလုပ်ကြဘူး။ ကျနော်ကိုလည်း တော်တော်များများက မခေါ်မပြောကြဘူး ။ဗမာဖြစ်လို့ တဲ့ ။ဒီလိုခေတ်ကြီးမှာ ဒီလိုအတွေးအခေါ်တွေ ဒီလိုအမြင်တွေ ရှိနေတာကို လည်း ကျနော် နားမလည်နိုင်လောက်အောင်ပါဘဲ။ဒီလိုပုံစံမျိုးတွေနဲ့  ကျနော်တို့ ဘယ်လို ပြည်ထောင်စုကြီးကိုတည်ဆောက်ကြမှာလည်း၊ နောက်ပြီး ကျနော် တို့ ရဲ့အနာဂတ်တိုင်းပြည်ဟာ အခုလိုဘဲသူများ အောက်ကျနောက်ကျ ဘဝမှာဘဲရှိနေတော့မှာလားလို့ ။
တစ်ခါတစ်လေလည်းတွေးမိတယ် ကျနော်တို့ တိုင်းပြည်ကို အခုအချိန်များရော့ ဒီမိုကရေစီဆိုပြီး ပေးလိုက်ရင်တော့ မတွေးရဲစရာဘဲ။ လူမျိုးပေါင်း ၁၃၅ မျိုးကျော်ရှိတဲ့တိုင်းပြည်မှာ လိုချင်နေကြတဲ့ ခွဲထွက်ခွင့်တွေအတွက် တော့…….။ ဘာလို့ များဒီလိုလိုချင်နေကြပါလိမ့်။ နောက်ပြီး ကရင်တစ်ကျပ် ဗမာတစ်ကျပ်ဆိုတာ ကို စဉ်းစားမိတယ်။ ဥပမာ - ဘတ်ဂျပ်တစ်ခု အတွက်ဒေါ်လာ သန်း ၁၀၀ ဆိုပါတော့ ၅ ယောက်ရှိတဲ့ ကရင်လူမျိုးအတွက် သန်း ၅၀ ၊ ကျန်တဲ့ ဗမာ ၉၅ ယောက်အတွက် သန်း ၅၀ ဆိုရင်တော့ … တော်တော်လေးကို မျှတမှာဘဲလို့ ……….

ကျနော့် ဘလော့ရဲ့လိပ်စာအသစ်

နော့်ဘလော့ကိုhttp://anyataya.co.cc// ဖြစ်ကြည့်နိုင်ရန် လိပ်စာအသစ်ရယူထားပါတယ်၊www.thetkoko.co.cc မှာ မကြာမှီသက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

Monday, October 12, 2009

အကောင်းမြင်ကြပါ

"လောကကြီးမှာ လွယ်ကူတဲ့အလုပ်ရယ်လို့မှမရှိဘဲ။ အားလုံးခတ်တာချည်းဘဲ။လူ့ ဘဝဆိုတာလည်းဒီအတိုင်းကြီးဘဲမဟုတ်လား။ဒီတော့ ကိုယ့်ကိုကိုယ်တော်တယ်တတ်တယ် အထင်ခံရရုံ သက်သက်အတွက် ကျနော်တို့ မှာရှိတဲ့ စွမ်းအားတွေ အရည်အတွေးတွေအားလုံး သူများကိုဖြိုဖျက်တိုက်ခိုက်မဲ့  နေရာမှာပုံအောမဲ့ အစား ၊တစ်ယောက်ကိုတစ်ယောက် အကောင်းဆုံးအနေအထားရောက်အောင် မြင့်တင်ပေးတဲ့ အလုပ် အားပေးကူညီတဲ့အလုပ်ဘက်မှာသုံးရင် ပိုမကောင်းဘူးလား"
ဒီစကားကို ဆရာဖေမြင့်ရဲ့“ မဖြစ်နိုင်တော့ဘူးဆိုတာသေချာပြီလား” စာအုပ်ထဲမှာဖတ်လိုက်ရတာပါ။ ဟုတ်ပါတယ် အဲဒီစကားအတိုင်းပါဘဲ ကျနော်တို့ အားလုံးအကောင်မြင်ဝါဒ နဲ့ အားပေးကူညီတည်ဆောက်တဲ့ ဘက်မှာ တတ်နိုင်တဲ့စွမ်းအားတွေကို ပိုသုံးစွဲသင့်ပါတယ်။အခုလပိုင်းတွေမှာကျနော်တို့ တိုင်းပြည်ရဲ့နိုင်ငံရေးဟာ အကောင်းဖက်ကို ဦးတည်နေတယ်လို့ ကျနော် ယူဆပါတယ်။ နိုင်ငံရေးမှာ ထာဝရရန်သူ ထာဝရမိတ်ဆွေဆိုတာမရှိပါဘူး ထာဝရအကျိုးစီးပွာဘဲ ရှိတယ် လို့ တရုတ်ပညာရှိ စွန်စူးက ပြောခဲ့ဘူးပါတယ်။ ဟုတ်ပါတယ် ကျနော် လည်းဒီလိုဘဲယူဆပါတယ်။ မြန်မာ အတိုက်အခံတွေဟာ မကောင်းမြင်တဲ့ဖက်မှာပိုပြီး အလေးသာပါတယ်လို့ ကျနော် ထင်ပါတယ် ။အများစုပါ။ တကယ်တော့ မကောင်းမြင်တဲ့ဝါဒ ဟာ မကောင်းတဲ့ဖက်ကိုဘဲ ရောက်စေနိုင်ပါတယ်။ နအဖ ဘာလုပ်လုပ်မကောင်းဘူး မကြိုက်ဘူး မရဘူး မသင့်ဘူး စတဲ့ ဘူးပေါင်းမှားစွာနဲ့  နေနေတာဟာတကယ်တော့မကောင်းလှပါဘူး။
သူတို့ ကောင်းတာနည်းနည်းလုပ်ရင် ကောင်းပါတယ် မှန်ပါတယ်လို့ ပြောခြင်းအားဖြင့် ကောင်တာ ဆက်လုပ် ချင်တဲ့စိတ်ကိုတွန်းအားပေးရာကြပါတယ်။ ခလေးတွေလိုပေါ့ ကကြီး ခကွေး ရေးတဲ့ အခါ လှလိုက်တာ တော်လိုက်တာလို့ ပြောခြင်းအားဖြင့် ဆက်ရေးခြင်စိတ်ကိုတွန်းအားပေးရာေ၇ာက်ပါတယ်။ သူရေးထားတာကို မင်းရေးထားတာမလှဘူး မကောင်းဘူး မင်ကသောက်သုံးမကြဘူးလို့ ပြောလိုက်ရင် ဘယ်ခလေးမှဆက်ရေး ခြင်တော့မှာမဟုတ်ပါဘူး။ ကျနော်ပြောချင်တာက လူမိုက်အားပေးလုပ် ဖို့ မဟုတ်ပါဘူး။ကောင်းတာလေးတွေကို တော့တကယ်ကိုအကောင်းမြင်သင့်ပါတယ်။
ကျနော်တို့ တိုင်းပြည့်ရဲ့အလားအလာကို ကျနော်တို့ ဘဲဖန်တီးရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့NLD ရွေးကောက်ပွဲဝင်နိုင်ပါတယ်။ ကျနော့် အထင်ပါ။အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့ မှုတွေ ပြန်ပွင့်လာမှာပါ။ အမှောင်ပြီးရင် အလင်းလာမှာပါ။ကျနော်တို့ အမှောင်ထဲမှာနေရတာ ကြာလှပါပြီး။ ကျနော်တို့ အားလုံး ညီညီညာညာနဲ့ အတူတူတည်ဆောက်ကြရင် အားလုံးအတွက်ပိုကောင်းမှာပါ။ လွန်ခဲ့တဲ့ ၂နှစ်လောက်က ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ ပြည်ထောင်စုနဲ့ အခမ်းအနားလုပ်ဖို့ စီစဉ်ကြတယ်။ အဲမှာလူတစ်ယောက် (ဗမာတစ်ယောက်ပေါ့ဗျာ) က အဲဒီအခမ်းအနားမှာ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် ဆိုတဲ့သီချင်းကိုဖွင့် သင့်တယ်လို့ အကြံပေးတာကို တိုင်းရင်းသားတချို့ (အများစု)ကငြင်းပယ်ကြတယ်။နအဖ ကထုတ်ထားတဲသီချင်း တဲ့ ပေါ်လစီ သီချင်းမို့  မဖွင့်နိုင်ဘူးတဲ့။ ကျနော်တော်တော် ခံပြင်းသွားမိတယ်။သီချင်းရဲ့စာသားကို နားထောင်ကြည့်ပါ ဘာအမှားတစ်ခုမှမပါဘူး။တိုင်းရင်းသားအားလုံးစည်းရုံး စရာကောင်းအောင် ရေးထားတာဘဲရှိပါတယ်။ တစ်ကယ်ကို စိတ်မချမ်းမသာ ဖြစ်ခဲ့ရတယ်။ ကျနော်တို့ ဗမာလူငယ်တွေ ဘယ်တိုင်းရင်သားကိုမှာမုန်းတီးတဲ့စိတ်မရှိပါဘူးဆိုတာ ကျနော် သေသေချာချာသိပါတယ်။ ကျနော်ရန်ကုန်မှာကြီးခဲ့ တာပါဗျာ။ တိုင်းရင်းသားအများစုကတော့ ဒီလိုမဟုတ်ဘူး ။ကျနော်တို့ ဗမာလိုမျိုးတွေကို မုန်းကြတယ်ဗျာ။ကျနော်တို့ သူတို့ အားကောင်းတဲ့နေရာရောက်တော့ အနိုင်ကျင့်ချင်သလိုလို ဘာလိုလိုလုပ် ကြတယ်ဗျာ။ သူတို့ ရဲ့အကြီးအကဲတွေ က သူတို့ ကို မုန်းတီးတဲစိတ်တွေထည့်ပေးလိုက်တယ်လို့ ထင်ရတယ်။ တကယ်ကိုစိတ်မကောင်းစရာပါဘဲ။ကိုဇော်ဝင်းထွဋ် ရဲ့ စည်းလုံးခြင်းရဲ့ သီချင်းတစ်ပုဒ်လို ကျနော်တို့ အားလုံး အတူတစ်ကွ ချစ်ချစ်ကြည်ကြည်နေကြရရင် အတိုင်းထက်အလွန်ပါဘဲ။
http://www.youtube.com/watch?v=IVPpf-r7nK8
နားထောင်ကြည့်ပါဗျာ။ အနာဂတ်မှာ အတူတူပျော်ကြရအောင်။

Friday, September 25, 2009

ဂျောက်ဂျက် Vs ကျော်ထွဋ်ဆွေ Album အသစ်

JOUK JACK Vs KH$ ဆိုပြီး မြန်မာပြည်ဟစ်ဟော့လောကရဲ့ အကောင်းဆုံးအဆိုတော်လို့ လူငယ်တွေ သတ်မှတ်ထားကြတဲ့ ဂျောက်ဂျက်နဲ့ ကျော်ထွဋ်ဆွေတို့ ရဲ့ simple album အသစ်ထွက်ရှိလာပါတယ် ရ ပုဒ်ပါပြီး တစ်ပုဒ် က အဟောင်းကို စာသားနည်းနည်းလေးပြောင်ထားပါတယ်။ ထူးခြားတာက ရိုင်းတဲ့စာသား မပါသလောက်ပါဘဲ။ ဘာဘဲပြောပြော စာသားတွေက အရမ်းအရမ်းပြောင်မြောက်ပါတယ်။ သူတို့ ရဲ့သီချင်းတွေအပေါ် စာသားရိုင်းလို့ ဝေဖန်ကြပေမယ့် လူငယ်အများစုက လက်ခံကြပါတယ်။ကျနော် လည်းလက်ခံပါတယ် ။စာသားတွေအရမ်းပြောင်မြောက်တယ် ဆိုတာကိုလေ။ အထူးသဖြင့်ကျော်ထွဋ်ဆွေရဲ့ အချစ်သီချင်းအေးအေးလေးတွေကိုပေါ့။ အရင်က ကြိုက်ခဲ့ဘူးတဲ့ စိုင်းစိုင်းခမ်းလှိုင် ရဲ့စာသားတွေနဲ့ ဆိုဆီနဲ့ ရေလိုပါဘဲ။လူကြီးတွေ နားထဲမှာတော့ ကန့်လန့် ကြီးဖြစ်မှာမလွဲပါဘူး။မြန်မာ hip hop လောက ရဲ့တိုးတတ်မှုတွေထဲ က တစ်ခုပါဘဲ။
အကြိုက်တူတယ် ခံစားချင်တယ် ဆိုရင်တော့
Download Link

Mediafire

Ifile.it

4shaerd

MMA လင့်ပါ

Tuesday, September 15, 2009

ဇော်ဂျီဟာ ဇော်ဂျီပါဘဲ

Font အသစ်ပေါ်တယ်လို့ planet မှာဖတ်လိုက်ရလို့ စမ်းသုံးကြည့်ပါတယ်။ စာရိုက်တာနဲ့ တင် တိုင်က ပတ်နေတယ်။ ကျနော်ဘဲ မရိုက်တတ်လို့ လားဘာလို့ လဲ တော့မသိဘူး ဇော်ဂျီလောက်ဘယ်ဟာ မှာသုံးရတာ အဆင်မပြေပါဘူး။ တစ်ကယ်ဆို ရင် font တွေ အများကြီးပေါ်လာတာ ကောင်းပေးမယ့် အခြေခံ လက်ကွက်မတူ ဘူးဆိုလျှင် မြို့ ပတ်ရထားမှာလိုက်ရောင်းတဲ့  ၃ အုပ်တစ်ရာတန် ဖတ်သူမရှိတဲ့  စာအုပ်လို ဘဲ ဖြစ်နေမှာပါ ။လက်ရှိမှာတော့ ၉၅ % လောက်က ဇော်ဂျီမှ ဇော်ဂျီပါဘဲ ။မြန်မာဘလော့တွေ လွယ်လွယ်ကူကူ ရှိနေရခြင်းဟာ ဇော်ဂျီကြောင့်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ အလွယ်တကူ စာရိုက်လို့  သင်ရင်တတ်လို့ လွယ် တာတွေကြောင့် ဇော်ဂျီ ကိုအများက လက်ခံထားတာပါ။ယူနီကုဒ် ဘယ်လောက်ဘဲကောင်းကောင်း လူငယ်တွေ အတွက် ကတော့ ဇော်ဂျီ က နံပါတ် ၁ ပါဘဲ။ ဘာဘဲပြောပြော ဇော်ဂျီကို အားလုံးသစ္စာ ရှိဖို့ လိုပါတယ်။ ဧရာ တို့  ယူနီကုဒ်တို့ ပြောင်းမဲ့ လူတွေ ထဲ မှာကျနော် မပါတော့အသေချာပါဘဲ။ ဇော်ဂျီကိုတစ်ခု ပြောစရာရှိတာ က တိုင်းရင်းသားဘာသာတွေ ရိုက်တဲ့နေရာမှာ အခက်အခဲ ရှိတာပါဘဲ ။အဲဒီကိစ္စ ကိုတော့ တစ်ခုခုကြံဆ သင့်ပါတယ်။ဘာဘဲပြောပြော မြန်မာစာဟာ လူ ၃၉ သန်းလောက်ရဲ့ မိခင်ဘာသာစကားပါ။ အဲဒါကြောင့်မြန်မာလို့  လွယ်လွယ်ကူကူ ရိုက်လို့ ရ တယ်ဆိုတာနဲ့ တင် တော်တော်လေးကို အဆင်ပြေနေပါပြီ။
ကဲ ဘာဘဲဖြစ်ဖြစ် AYAR VS ZAWGYI ဖြစ်လာမှာမဟုတ်ပါဘူး။


ဇော်ဂျီကိုထောက်ခံ ကြရအောင်
နောက်ပြီး ဇော် ဂျီ စစ်တမ်းလေးတစ်ခုလောက်လုပ်သင့်ပါတယ်

Saturday, September 12, 2009

Myanmar Bogger Survey 2009

ယခင်ဩဂုတ်လ တစ်လလုံး ကောက်ယူခဲ့သော Myanmar Blogger Survey မှာ လူပေါင်း ၂၄၀ သာ ရှိသေးကြောင်း၊ မြန်မာ့ဘလော့များ ထပ်မံရှိနေသေးပြီး ဖြည့်စွက်ပေးကြရန်အတွက် စက်တင်ဘာလ တစ်လကို ထပ်မံ ပိုက်ဆံပေးပြီး Myanmar Blogger Survey ကို Extend လုပ်ထားကြောင်း။

ဒီစစ်တမ်းကို ပညာရှင်များ၊ နိုင်ငံတကာမှ မီဒီယာများလည်း စိတ်ဝင်စားမှုရှိကြတဲ့အတွက် ပိုမိုတိကျတဲ့ Result ရဖို့ရာ မြန်မာဘလော့ လူငါးရာခန့် Myanmar Blogger Survey မှာ ပါဝင်ဖြည့်စွက်ဖို့ လိုအပ်နေကြောင်း ကိုညီလင်းဆက် ဆိုက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာ့ဘလော့ဂါ အပေါင်းတို့မှ ပါဝင်ဖြည့်စွက်ခြင်းဖြင့် ကူညီပေးကြပါရန် မိမိမှ တစ်ဆင့် ထပ်မံ တိုက်တွန်းကြေညာအပ်ပါသည်။

မောင်စေတနာ

Friday, August 28, 2009

အလုပ်ကြမ်းနဲ့ အကျယ်ချုပ်

ဒီအလုပ်ကြမ်းနဲ့ အကျယ်ချုပ် ဆိုတဲ့ စကားလုံးကို CASH ရဲ့ သီချင်းတစ်ပုဒ်ကနေ ကြားခဲ့ ရတာပါ။ တကယ်ကို မမှားပါဘူး။တိုင်းတပါးနိုင်ငံခြား ကို ရောက်နေကြတဲ့ ကျနော်တို့ တွေ ရဲ့ဘဝဟာ တကယ့်ကို အလုပ်ကြမ်းနဲ့ အကျပ်ချုပ် ကျခံနေရသလိုပါဘဲ။ ဟိုတုန်းက မြန်မာပြည်ထဲမှာနေတုန်းက ရုပ်ရှင်ထဲမှာသာမြင်ဘူး တဲ့နိုင်ငံခြား ကိုသွားချင်းတာအမှန်ပါဘဲ။ နိုင်ငံခြားပြန်တွေကြီးပွားကောင်းစား ပြီးပညာတတ်ကြီးတွေဖြစ်လာတာကို အံသြအားကျခဲ့ရတာ အမောပါတယ် ။ တကယ်တော့နိုင်ငံခြားဆိုတာ ထင်သလောက် ပျော်ဖို့ မကောင်းပါဘူး။ စားဝတ်နေရေးပြေပြေလည်လည် ရှိပေမယ့် တကယ်ကို မွှန်းကြပ်စရာကောင်းလှပါတယ် ။အရွယ်ရောက်တဲ့ လူတွေမှာတစ်ပတ် ကို ၅ ရက် အလုပ်လုပ်ကြရတယ်။ တစ်ရက် ၈ နာရီ သွားတာလာတာနဲ့  ၁၀ နာရီလောက် အချိန်ပေးလိုက်ရတာပါဘဲ ။အလုပ်ပိတ်ရက်ကျတော့ ပင်ပန်းထားသမျှအတွက် အိမ်မှာနားနားနေနေ နေရတော့ဘယ်မှမသွားဖြစ်ကြပါဘူး ။တစ်နှစ်လုံးလုံး ဒီလို အချိန်ကုန်ကြရတာပါ။ကျောင်းသားတွေဆို လည်းဒီလိုပါဘဲ မနက် ၆ နာရီထ ၇ နာရီကျေင်းသွား ။ညနေ ၃ နာရီမှ ပြန်ရောက်ပြီး ။ခဏနားပြီး ပါသမျှအိမ်စာတွေ ကို သိမ်းကြုံး လုပ် မှ နောက်နေ့  အတွက် အမှီပြီးတာပါ။ နွေရာသီကျောင်းပိတ်ရက်ရောက်ပြန်တော့ Summer school ဆို ပြီးတတ်ရပြန်ပါတယ် ။ ဒီလို မှမဟုတ်ရင် တော့ CREDIT နည်းနည်းနဲ့  ဘဲ အောင်မှာပါ။ Honor class တွေတောင်းလို့ ရမှာ မဟုတ်ပါဘူး။ မဖြစ်မနေ တတ်ကိုတတ်ကြရမှာပါ။
ဒီမှာက ရေလိုက်ငါးလိုက် နေလို့ မရပါဘူး။တော်တော် များများက ကြိုးစာကြပါတယ်။ ကိုယ့်ပတ် ဝန်း ကျင် ၁၀၀ မိုင် ဝန်းကျင် က လွဲ ရင် သွားလို့ မရသလောက်ပါဘဲ။တကယ် ကို အကျခံနေရတဲ့ အကျယ်ချုပ်ပါဘဲ။ လူတွေ က အသက် ၆၅ နှစ်မပြည့်မချင်း အနားမရကြပါဘူး။ အသက်ပြည့်တဲ့ အခါမှတော့လူ က အိုမင်းမစွမ်းဖြစ်နေလောက်ပါပြီ ။ စိတ်ညစ်ရပါတယ် ဗျာ။ ။။

Thursday, August 20, 2009

ဒါ အထက်တန်းကျောင်းတဲ့လား

ဒီနှစ် အတွက်ကျောင်းစဖွင့်တာ ၆ ရက်ပဲရှိပါသေးတယ်။တွေ့ ရတဲ့မြင်ကွင်းတွေကတော့ တော်တော် မလှမပပါနဲ့  ။ ယဉ်ကျေးမှု မရှိတဲ့ လူရိုင်းတွေလို တောင်ဒီလိုလုပ်ကြလိမ့်မယ်လို မထင်မိဘူး။ ဖြစ်ပုံကတော့ဒီလို ပါ ။
ကျနော်တို့ ကျောင်း က သစ်ပင်တွေအများကြီး ရှိတာကြောင့် အရိပ်ရပြီးအေးမြလှပါတယ်။အဲဒါကြောင့် နေ့ လည် အားလပ်ချိန်ဆို ကျောင်းသားတော်တော်များများဟာ အပြင်မှာထွက်ပြီး စားကြသောက်ကြ ထိုင်ပြီးစကားပြောကြ နဲ့ တော်တော် လေးသာသာယာယာ ရှိပါတယ်။
ဒီလို နဲ့ ကျနော်တို့ လည်းသူငယ်ချင်းတွေစု ပြီး အရိပ်ကောင်း တဲ့အရိပ်ကောင်းတဲ့ အပင်အောက်စားကြသောက်ကြ ရင် အေးအေးဆေးဆေး ခဏလောက်စကားပြောနေကြတုန်း ဘေးနား ကို အတွဲတတွဲ ရောက်လာပါတယ်။နောက် ၅ မိနစ်လောက်နေတော့ ရိုးရိုးတန်းတန်း မဟုတ်ဘဲ ဟိုလိုဒီလို ဖြစ်လာကြပါတယ်။တမင်မကြည့်ပေမယ့် မြင်နေရတာပါ။ နောက်နေ့ ရောက်တွေ စားပြီးသောက်ပြီး ထိုင်ရင်း ဟိုဟိုဒီဒီ ကြည့်မိတဲ့အခါ တကယ်ကိုမနည်းလှတဲ့ အတွဲတွေ ပါ။ ကိုယ့်အတွဲနဲ့ ကို အလုပ်တွေရှုပ်နေကြတယ် ။
ဒါကိုမြင်နေတဲ့ ဆရာမတွေကလည်း ဘာမှမပြောကြပါဘူး။ဟိုတုန်း ကကျနော်ကြားဘူးတာ ကတော့ ဆရာ၊ဆရာမ လုပ်တယ်ဆိုတာ နာသုံးနာနဲ့ ပါ။ စေတနာ ၊ ဝါသနာ ၊ အနစ်နာခံပြီး လုပ်ကြရတာပါ ။ ကျောင်းသူ၊ကျောင်းသားအားလုံးကို ဆရာလို ရော မိဘလို ပါ ဆိုဆုံးမကြပါတယ်။ ဒီလို နေဖို့ မပြောနဲ့ မိန်းကလေးနဲ့ ယောကျာင်္းလေ အတူတူ ထိုင်နေကြရင်တောင် ပြောလို့ မဆုံးပါဘူး။ ဒီလိုဖြစ်နေကြတော့ ကျနော် တို့ ရဲ့အာရှသား မိန်းကလေးတွေ က မျက်နှာပူနေကြပါတယ် ။ ကျနော် တို့ သူငယ်ချင်း ၆ ယောက် ထဲမှာ မိန်းကလေး နှစ်ယောက်ပါ ပါတယ်။တရုပ်မလေးတစ်ယောက်နဲ့ ကိုရီးယားမိန်မလေးတစ်ယောက်ပါ။ ဘာဘဲဖြစ်ဖြစ်သူတို့ မှာအရှေ့တိုင်း က ဆိုတဲ့ အသိနဲ့ ယဉ်ကျေးမှု ရှိနေကြပါသေးတယ်။
တကယ်တော့ အမေရိကန်တွေဟာ မဆိုးလှပါဘူး။ သူတို့ မှာမြန်မာပြည်မှလို အရက်သောက်ပြီး သောင်းကြမ်းတာတို့ ၊ အော်ကြီးဟစ်ကျယ်ရန်ဖြစ် တာတို့ မရှိလောက်ရှားပါတယ်။ နောက်ပြီး ရုပ်ရှင်တွေထဲကလို သေနတ်ကိုင်ပြီးသောင်းကြမ်းနေတဲ့ လူမိုက်တွေလည်းမရှိပါဘူး။ ရုပ်ရှင်ထဲကလို အိမ်ထောင်ရေးလည်းမရှုပ်ကြပါဘူး။လမ်းဖြတ်ကူရင် ကာရပ်ပေးတတ်ကြပါတယ် ။တစ်ချို့ နေရာတွေမှာမယဉ်ကျေးဘူးလို့ ထင်ရပေမယ့် သူတို့  ကတကယ်ကိုယဉ်ကျေးကြပါတယ်။ ဒီလိုကျောင်းမှာ မြင်မကောင်းအောင်ဖြစ်နေကြတယ် ဆိုတာ ကတော့ ဆရာမတွေဘဲ အုပ်မှု ညံ့လို့ လား ၊ဘာလား ညာ လား .........လားပေါင်းများစွာနဲ့ စိတ်ထဲမှာတစ်မျိုးပါဘဲ

Friday, August 7, 2009

၈၈၈၈

၈၈၈၈
အနာဂတ်တစ်ခုရဲ့

အိမ်မက်တွေထဲမှာ
မင်းရယ် ငါရယ်
ကြယ်အပေါင်းခနေတဲ့
တန်ဆောင်မုန်းလပြည့်ညရယ်
မျော်လင့်ချက်နဲ့ အတူ
အိမ်မက်တစ်လုံးရိုက်ချိုးခံရ
မပြီးသေးတဲ့ဒီမိုကရေစီတိုက်ပွဲ
အိမ်မက်လိုလို ဖြစ်နေတဲ့ ဒို့ အရေးအော်သံ
နောက်တစ်လောင်းက မင်းဖြစ်မှာလားငါဖြစ်မှာလား။ ။

Thursday, August 6, 2009

မကြုံဘူးခဲ့ရသော ၈၈၈၈


ရှစ်လေးလုံး ဖြစ်ခဲ့ အချိန်က ကျနော် လူ့ လောကမှာမရှိလို့ ဘာရေးရမယ်ဆိုတာမသိတော့ပါဘူး။ ဒါပေမယ့် ဒီမိုကရေစီ အတွက်ကြိုးပမ်းခဲ့ ကြတဲ့ လူတွေ ကို တော့အလေးပြုပါတယ် ။ ကြားဖူးသလောက်ကတော့ ကြားဖြတ်အစိုးရ မဖွဲ့ နိုင်ခဲ့လို့ အားလုံး စစ်တပ်လက်အောက်ကို ကျရောက်သွားရတာပါဘဲ။ ဝန်ကြီးချုပ်ဟောင်းဦးနု ခေါင်းဆောင်ပြီး ကြားဖြတ်အစိုးရ ဖွဲ့ တာကို ကန့် ကွက်ခဲ့ ကြတဲ့လူတွေ ထဲမှာ အခုအချိန် အတိုက်အခံလို့  ခံယူထားကြတဲ့ ဒီမိုကရေစီ အင်အားစုတွေ ပါဝင်ကောင်း ပါဝင်ကြမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အပါ အဝင် ကန့် ကွက် ခဲ့ကြတဲ့ လူတွေ ကတော့ ယခုအချိန်မှာနောင်တ ရနေကြမှာပါ။ အဲဒါ ကျနော်တို့ လူငယ်တွေအတွက် သင်ခန်းစာပါဘဲ။ တစ်ယောက်လက်နဲ့ ရေးတာကို နောက်တစ်ယောက် က ခြေနဲ့ ဖျက်ချင်ကြတာဟာ ကျနော်တို့ မြန်မာလူမျိုးတွေ ရဲ့ အလွန်ဆိုးရွား လှတဲ့ အကျင့်တစ်ခုပါ။ ကိုယ် နဲ့ မတည့်တဲ့လူ လုပ်တာမှန်သမျှ မကောင်းဘူးလို့  တရာသေမှတ်ထားကြပါတယ်။ တကယ်တော့ ကိုယ်နဲ့ တည့်သည် ဖြစ်စေ မတည့်သည် ဖြစ်စေ အမှန်ကို အမှန် အရှိကို အရှိ ပြောရ လုပ်ရမှာပါဘဲ။ တစ်ချို့ သောလူတွေ ဟာ ကိုယ်တစ်ချိန် က တစ်ဆယ်ဖိုး လုပ်ခဲ့တာကို တစ်ရာဖိုးလောက်ပြန်ပြောပြီး ဆရာကြီး စတိုင်ဖမ်းနေတာတွေ့ ရပါတယ်။ လူငယ်တွေ ကို အဲလို လူတွေက အမျိုးမျိုးနှိမ်ပြီး မင်း ဘာလုပ်ခဲ့ဘူးလဲ လို့  အထပ်ထပ် အခါခါမေး ခဲ့ပါတယ်။ ကျနော် က မခံနိုင်လို့  ခင်ဗျားတို့  လုပ်ခဲ့တဲ့ နိုင်ငံရေးကြောင့် မြန်မာပြည်ကြီး ဒီမိုကရေစီ ရခဲ့လားလို့ ပြန်ပြောလိုက်တဲ့အခါ တော်တော်လေးမခံမရပ်နိုင်ဖြစ်ပြီး ကိုယ်ထိလက်ရောက်ပါ စော်ကားတာ ကို တွေ့ ကြုံ ခဲ့ရဘူးပါတယ်။
နောက်တစ်ခု ကမြန်မာပြည် ပြင်ပ တတိယ နိုင်ငံတွေ မှာ တိုင်းရင်းသားလူမျိုးတွေဟာ မြန်မာလူမျိုးတွေ ကိုတော်တော်လေး အမုန်းတရား အာဃာတ ထားကြတာကိုတွေရပါတယ်။ အစိုးရ တိုက်လို့ ထွက်ပြေးလာရသူတွေ ဆိုပေမယ့် အစိုးရ နဲ့ အခြားမြန်မာလူမျိုးပြည်သူတွေ က ဘာမှမဆိုင်ကြပါဘူ။ သူတို့ မုန်းကြလို့ မြန်မာလူမျိုးတွေ နစ်နာမှု မရှိသလောက် သာခံစားရပေမယ့်  အများစု ဖြစ်တဲ့ မြန်မာလူမျိုးတွေရဲ့ မုန်းတီခြင်း တွေ ဖြစ်သွားရင်တိုင်းရင်းသားတွေ နစ်နာကြရမှာပါ။ နောက်ပြီးအနာဂတ်ရဲ့ မြန်မာနိုင်ငံမှာ မြန်မာလူမျိုးတွေမပါဘဲ ဘယ်တိုင်းရင်းသားမဆို ကိုယ်ပိုင်ရပ်တည်ဖို့ ဆို ဖြစ်နိုင်မယ်မထင်ပါဘူး။မြန်မာလူငယ်တွေ ဟာ ဘယ်တိုင်းရင်းသားကိုမဆို မမုန်းတတ်ကြပါဘူး။ကျနော့် အမေ က မွန်လူမျိုးပါ။ ကျနော် ရန်ကုန်မှာနေတဲ့  အခါ က ဘယ် သူမှတိုင်းရင်းသားတွေကို မုန်းတာတို့ ခွဲခြားတာတို့ မရှိကြပါဘူး။ အခု ကျနော် တတိယနိုင်ငံ ရောက်တဲ့ အခါမှ ဘဲ တိုင်းရင်သားတွေ ဟာ မြန်မာလူမျိုးတွေ ကို အမျိုးမျိုး ခွဲခြားဆက်ဆံပြီး ပညာပြကြပါတယ်။ လူမျိုးရေးသာ မက ဘာသာရေးပါ ခွဲခြားကြပါတယ်။ ဒီလိုလုပ်ရပ်တွေကို ပြုပြင်ကြရင် အားလုံးအတွက်အကောင်းဆုံးဖြစ်မှာပါ ။
ကျနော်တို့ ရဲ့အမိနိုင်ငံတော် ကြီးတိုးတတ်အောင် သာတူညီမျှ ကြိုးစာကြရအောင် ......................................................

HTML အကြောင်းသိကောင်းစရာ

What is HTML?
  1. သင်၏ Web Browser ဖြစ်သည့် Internet Explorer, Firefox, Netscape Communicator စသည်တို့အား မည်ကဲ့သို့ ပြုလုပ်ရမည်ဆိုတာကို ညွှန်ကြားတဲ့ သင်္ကေတ အစုအဝေးတစ်ခုပင်ဖြစ်ပါတယ်။ HTML သည် စာသား(Text) များအား Format လုပ်ခြင်း၊ မျဉ်းကြောင်းများ ထည့်သွင်းခြင်း၊ ရုပ်ပုံများ၊ အသံများနှင့် ရုပ်ရှင်များအား ပေါင်းထည့်၍ File တစ်ခုအတွင်း သိမ်းဆည်းထားနိုင်ရန်ခွင့်ပြုပေးပြီး ၎င်းကို HTML File (Internet Document) ဟုခေါ်ပါတယ်။
  2. HTMLဟာ Internet Web Page (အင်တာနက်ပေါ်ရှိစာမျက်နှာများ) ကိုရေးသည့် Language တစ်ခုဖြစ်ပါတယ်။ Internet Technology အသုံးပြု၍ Data (Information) များအား ဖလှယ်မှု ပြုလုပ်ရာတွင် Web Page များသည် အဓိကကျသည်။ HTML အား သာမာန် Text Editor ကို အသုံးပြု၍ ရေးသားနိုင်သည်။ HTML Editor များကို အသုံးပြု၍လည်း ရေးသားနိုင်ပါတယ်။ HTML စတင်လေ့လာသူတစ်ဦးအနေဖြင့် Note Pad ကဲ့သို့သော Plain Text Editor တစ်ခုခုဖြင့် စတင်ရေးသားရင် ပိုကောင်းပါတယ်။ အဘယ်ကြောင့်ဆိုသော် HTML Editor များဟာ HTML Code (Tag) များအား အလိုအလျှောက် သတ်မှတ်ရေးသားပေးသောကြောင့် HTML Code (Tag) သဘောတရားများကို သဘောပေါက်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် Internet ကို Communication Line များဖြင့် အသုံးပြု၍ ချိတ်ဆက်မှုပြုလုပ်ထားရာ အချက်အလက်များ အပေးအယူပြုလုပ်ရာမှာ Data ပမာဏ (Byte) အနည်းဆုံး ဖြစ်လေ၊ ပိုမို၍ မြန်ဆန်လေ ဖြစ် သောကြောင့် ဖြစ်ပါတယ်။ သို့ရာတွင် HTML Editor များဟာ ပိုမိုကောင်းမွန်လွယ်ကူတဲ့ Feature များပါရှိတဲ့ အတွက်ကြောင့် Multimedia Presentation များပါဝင်တဲ့ Web Page စတာတွေကို လျှင်မြန်စွာ ဖန်တီးလိုပါက အသုံးပြုနိုင်ပါတယ်။
  3. HTML ဖိုင်များကို Static HTML နှင့် Dynamic HTML ဟူ၍ အကြမ်းအားဖြင့် နှစ်မျိုးခွဲခြား နိုင်ပါသည်။ Internet Web Page တွင် ပုံသေလွင့်တင်ထားရသည့် အချက်အလက်များ ပါဝင်သည့် File ကို Static HTML File ဟုခေါ်ဆိုသည်။ Multimedia CD အများစုကို Static HTMLဖြင့် ရေးသားနိုင်ပါသည်။E-Commerce (အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး) ပြုလုပ်သည့် Super Market, Store ဆိုင်များ၊ ဘဏ်လုပ်ငန်းများ၊ မိုးလေ၀သသတင်း၊ ကမ္ဘာ့သတင်း စသည့် အချိန်နှင့်အမျှ ပြောင်းလဲမှုရှိသည့် Web Page ဖိုင်များကို Dynamic HTML File ဟုခေါ်သည်။ ၎င်းကို Web Server များပေါ်တွင်တင်၍ အလွယ်တကူ Update ပြုလုပ်နိုင်အောင် Database များအသုံးပြု၍ ရေးသားကြရပါသည်။ ဥပမာ- အချို့ဖိုင်များကို Active Server Pages (ASP) File များဟု ခေါ်သည်။
  4. HTML Tags : HTML တွင် အရာခပ်သိမ်းသည် Tag များပေါ်တွင် အမှီပြုလျှက်ရှိသည်။ Tag များကို ထောင့်ပါသော Bracket နှစ်ခု "<" စပြီး ">" ဖြင့် ပိတ်ပါသည်။ Tag များကို Capital (or) Small Letter ဖြင့် ရေးသားခွင့်ရှိပါသည်။ ဥပမာ-

    သည် (စာပိုဒ်) Paragraph Tag ဖြစ်ပြီး၊
    သည် (စာကြောင်းခြား) Line Break Tag ဖြစ်သည်။ မှတ်ချက်။ ။ HTML Tag အား စာလုံး အကြီး၊ အသေး နှစ်မျိုးစလုံးဖြင့် ရေးသားနိုင်ခွင့်ရှိသည်။

  5. (ဆက်လက်ဖော်ပြပါဦးမယ်)။
HTML အကြောင်းမြန်မာလိုရှင်းပြထားတာကိုရှာနေတာတော်တော်ကြာပါပြီ။ဒီနေ့ မှ ကိုကျော်မြင့်ဦးရဲ့  ဘလော့ထဲကနေတွေ့ လို့ တင်လိုက်ပါတယ် ။ အချို့ သူငယ်ချင်းတွေ က ဘာလဲ ဘာလဲ နဲ့ မေးတတ်ကြလို့ ပါ။ ကျနော် လည်း မဆိုစလောက်လေး သိတာဆို တော့ ဘယ်လို မှပြန်မရှင်းပြနိုင်ပါဘူ။ အဲ့ဒါကြောင်ကူးယူ ပြီးတင်လိုက်တာပါ.။

Sunday, August 2, 2009

နေ့ စားညရှင်း ဒီမိုကရေစီတဲ့

ဒီနေ့ တော့ သိပ်ပြီးအယုံအကြည်မရှိတဲ့ နိုင်ငံရေးကြောင်းဝေဖန်ရဦးမယ်။ လွန်ခဲ့တဲ့ ၃ -၄ ရက်လောက် က ကိုဖိုးတရုတ်ရဲ့ ဘလော့ကိုသွားဖတ်ဖြစ်ခဲ့တယ် ။အဲဒီ ဘလော့ရဲ့ c box ထဲမှာ နေ့ စားညရှင်း ဒီမိုကရေစီ ဆိုတဲ့ အရေးအသားတစ်ခု တွေ့ လိုက်ရတယ် ။ဘာလို့ ဒီလို အသုံးအနှုန်းသုံးတာလဲဆို နိုင်ငံတစ်ခုရဲ့ မြန်မာသံရုံးရှေ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲတစ်ခု လုပ်ကြတယ် တဲ့။ အဲဒီမှာ FREE DAW AUNG SAN SUU KYI လို့ ရေးထားတဲ့ ဆိုင်ပုဒ် တစ်ခုမှာ DAW AUNG SAN SUU KYI ကိုစာလုံးပေါင်းထားတာ မှားနေတာကို ဧရာဝတီရဲ့ website မှာ ပုံအကြီးကြီးနဲ့ တင်ထားတာတဲ့။ အဲဒါကို ပြည်ပမှာနေတဲ့ ပြည်သူတစ်ဦး က နေ့ စားညရှင်း ဒီမိုကရေစီဘက်တော်သားတွေလို့ တင်စားလိုက်တယ်။ တကယ်လည်း ဟုတ်တာ ဘဲ သတင်း မီဒီယာကြီးတစ်ခုဖြစ်ပြီး ဒီလို အမှာတွေ ကို မစစ်ဆေးတော့ လူတွေရဲ့ဝေဖန်ချက်ကို ခံရတာပေါ့။ အဲဒီမှာ မဟုတ်တဲ့လုပ်ရပ်တွေက စတာ ။ ဝေဖန်တဲ့လူရဲ့ IP address ကို ဧရာဝတီ က ဘန်းလိုက်တယ်လေ။
တစ်ကယ်ဆို သူတို့ ရဲ့ဒီမိုကရေစီ ယုံကြည်ချက်ဆိုတာဘာလဲ? ဒီလိုဝေဖန်တာ ပြောတာဆိုတာ ကိုတောင် လက်မခံရင်တော့ သူ တို့ တည်ဆောက်ကြမည့် အနာဂတ် နိုင်ငံတော် ဆိုတာကို ဘယ်လိုယုံကြည်ရမှာလဲ။ နောက်ပြီး အတိုက်အခံ သတင်း မီဒီယာ တွေ က နအဖ ကို ခွတ်ဖို့ လောက်ဘဲ ရေားကတာ.။ သူ တို့ အချင်းချင်း မဟုတ်တာလုပ်ကြတာ တွေ ကို တော့ မရေးကြဘူး။ ကျနော် အရင် မဲဆောက်မှာနေခဲ့ တုန်း ကလည် ဒီလိုဘဲ ။ proposal တွေ တင်ကြတယ် ။ အကြောင်းအမျိုးမျိုးပြ ပြီ ။နောက်ပြီး အခမ်းအနားတွေလုပ်ကြတယ် ။ ဘာမှ အရည် မရ အဖတ်မ ရတဲ့ ဖက်ဒရယ်ရေးရာ ဆွေးနွေးပွဲတို့ ဘာတို့ လုပ်ကြတယ်။ အဲဒီမှာ နိုင် ငံခြားသားတွေကို ဖိတ်ကြတယ် ။လူ ရှိအောင် လို့ တစ်ယောက် ထိုင်းဘတ် ၁၅၀ နဲ့  လိုက်စုတယ်။ ထမင်းစားလိုက် ထိုင်နေရုံဘဲ ဆိုတော့ သာမန် လက်လုပ်လက်စား သားသမီးတွေ လာတတ်ကြတာပေါ့။ အဲမှာ အဖွဲ့ အစည်းတွေ ရဲ့ အကြီးအကဲတွေ က သြဝါ ဒ ပေးကြတယ် ။တစ်ကယ် တော့ တော်တော် များများ ဟာ လွဲနေကြတယ် ။အခမ်းအနား တတ်ပြီး ကမ္ဘာမကြေဆို ယုံ အလုပ်ရုံဆွေးနွေ ပွဲ (work shop )တွေ လုပ်ရုံနဲ့  တာဝန်ကြေပြီလို့ ထင်ကြတယ်။ ပြည်တွင်းမှာ ပေ.ဆပ်ခဲ့ကြတာ တွေ တကယ်ရင်နာဖို့ ကောင်းတယ် ။ လုပ်သမျှ ဖွဲ့ စည်းပုံအခြေခံ ဥပဒေ ဆွေးနွေပွဲ တွေ ဟာ လည်း သေနတ်ရှိတဲ့ ကရင်တွေ အောက်မှာ ရောက်နေကြတယ်။ ပြည်တွေ တိုင်းတွေ ကို အခုကတည်း က ဖွဲ့ ချင်သလို ဖွဲ့ ကြတယ် ။ တစ်ကယ် ဆို ပြည်နယ်တစ် ခု ဟာ ဘယ်အရာနဲ့ တိုင်းတာသတ်မှတ်လို့ ရမှာလဲ။ ဘုရင် လက်ထက်ကနယ် နမိတ်လား ၊ အင်္ဂလိပ် လက်အောက် က နယ် မြေလား ၊ မဆလ ရဲ့သတ်မှတ်ချက်ကို ယူမှာလား ။ ဘယ်စံနဲ့ တိုင်းတာကြတာလဲ ။အဲလို ပြောမိတော့ ဝါးကျော စာမိမယ် နော် လို့ လာသတိပေးတဲ့ လူကရှိသေး။ ဒါလား သူတို့ ရဲ့ဒီမိုကရေစီဆိုတာ။ နောက်ပြီး အတိုက်အခံ သတင်း တိုက်တစ်ခုကိုသွားလည်တော့ ဘာလုပ်နေကြတယ် ထင်လဲ။လူကြီးတွေ က ဘီယာ သောက်ပြီး လူငယ်တွေကို နအဖ မကောင်းတာ မှန် သမျှ အင်တာနက်က ရှာကြတဲ့။လုပ်ပုံ က။
ပြည်တွင်း က သဘာ ဝါ ရှိပြီးလုပ်ရည်ကိုင်ရည် ရှိတဲ့ လူတွေ မဲဆောက်ကို ရောက်လာရင် သူတို့ စာခွတ်ပျောက်မှာဆိုးလို့ ဝိုင်း ပြီးကိုက်ကြတယ် ။လမ်းပေါက်တွေ ပိတ်ကြတယ် ။ တစ်ခုခုကို သိသွားမှာ သူတို့ ထက်နေရာ ရသွားမှ ကို တော် တော် ကြောက်ကြတယ် ။ နောက်ပြီး သူတို့ သတွေ ရဲ့ စိတ်ထဲ မှာ မြန်မာပြည်ကြီး ဒီမိုကရေစီ ရသွားမှာ စိုးရိမ်နေကြသလို ဘဲ ။ စားပေါက်ပျောက်မှာ ကိုး။တကယ်တော့ သူတို့ သတွေ ဟာ ဒီမိုကရေစီ ဘက်တော်သားတွေလို့  ကိုယ့်ကို ကိုယ် အမည် ခံပြီးလုပ်စားနေကြတာပါဘဲ။ နောက်ပြီး အတိုက်အခံတွေ က ခေါင်းဆောင် တစ်ချို့ ဆို ညနေ အနှိပ်ခန်းတို့ _ာခန်းတို့ ကို သွားကြသေးတယ် ။အော် အော် ဒီမိုကရေစီတဲ့  ................

PS: ကျနော် က နအဖ ကို လုံးဝ အယုံအကြည်မရှိပါ .....ထို့ အတူ ...................
ဒီ စာကို ရေးရတာ က ရင်ထဲမှာရှိတာကို ပြည်သူ တစ်ဦးအနေနဲ့ ပါ
မှားတယ် ဆိုရင်ဝေဖန်ခဲ့ ပါ လွတ်လပ်စွာ သဘောထားကွဲလွဲ ခွင့် ရှိပါတယ်

Wednesday, July 29, 2009

မှားပါတယ်


တစ်ခါတစ်ခါ တအားသတိရသတဲ့
မကြာမကြာ ကြားမိခဲ့ရတဲ့စကားတွေ
တစ်နေရာဆီ ဝေးအသွားမှာတော့

ခြေရာလေးအများ ဖြစ်ကျန်နေ
ချစ်သူရှိရာ မြေ အလွမ်းပြေကိုယ်ပြန်ရောက်
တစ်ယောက်သူ နောက်လူနဲ့ ဆိုလား

ကိုယ်မှားပြီး ပြန်လာကာမှ
အမိခြေရာဖျောက်။ ။

Monday, July 27, 2009

အချစ်နဲ့ ဘောလုံးပွဲ


အချစ်နဲ့ ဘောလုံးပွဲတဲ့ ။ဆိုင်တော့ဆိုင်ပါဘူး။ဒါပေမယ့် ကျနော်အတွက်တော့ ဘောလုံးပွဲဟာ အသဲကွဲခြင်းကို မေ့စေခဲ့ပါတယ် ။
မနေ့ က ပေါ့ အေစီမီလန်၊နဲ့  အင်တာမီလန် ပွဲလာတော့ ကျနော် အသည်းကွဲနေတယ်ဆိုတာကို သတိမရတော့ပါဘူး။ အားလုံးကိုမေ့ပြီး ဘောလုံးပွဲထဲ မြောသွားမိတယ်။ ကျနော် အချစ်မရှိဘဲ နေနိုင်တယ် ။ဘောလုံးပွဲ မရှိရင်တော့ တစ်ခုခုလိုနေသလို ခံစားရတယ် ။
နောက်လ ဆို ပရီးမီးယာ လိဂ် တွေ စတော့မယ်။ကျနော်တို့ ပြည်နည် က ကျောင်းတွေလည်ဖွင့်တော့ မယ် ။ကျနော် ကျောင်းတတ်မယ်။ဒီနှစ် စာ ကို အာရုံစိုက်ပြီးကြိုးစားမယ် ။နောက်ပြီး စနေ၊တနင်္ဂနွေ နေ့  မှာ ပရီးမီးယာ လိဂ်ဘောလုံးပွဲကြည့် မယ် ။
အားရင် အင်တာနက်သုံးမယ်။ ဖြစ်ခဲ့တာအားလုံးကို မေ့လိုက်ပြီးပျော်ပျော်နေမယ် ။သူငယ်ချင်းတွေ နဲ့ ညနေစောင်းရင် လျောက်လည် ကြမယ်။
ဒီစိတ်ကူးတွေ က မနေ့ ကဘောလုံးပွဲ ကြည့် ပြီး ရလာတာပါ ။လွန်ခဲ့တဲ့  နှစ်ကပေါ့ ကျနော့်ကောင်မလေးရဲ့ မွေးနေ့ မှာ တိုက်တိုက်ဆိုင် ဆိုင် လစ်ဗာပူး နဲ့  အာဆင်နယ် ပွဲ လာတယ်။အချိန်က လည် ခါတိုင်းနဲ့ မတူ ထူထူးခြားခြား ညနေ ၆ နာရီ ၁၅ ။အဲဒါ ကျနော် သူ မွေးနေ့ 
ကို မသွားခင် ဘောလုံးပွဲ စုကြည့်နေကြတဲ့ နေရာကို သွားလိုက်မိတယ် ။ စစ ခြင်း ကို သူတင်ကိုယ်တင် ကစားနေကြတာ ဆိုတော့ သူ မွေးနေ့ ကို ကျနော် မေ့သွားတယ် ။၈ နာရီလောက် ပွဲပြီးလို့  အသည်းအသန် သွားရော ဟိုရောက်တော့ ဘယ်သူမှာ မရှိကြတော့ဘူး။အဲဒါနဲ့  ကျနော် တော်တော် လေးရှင်းပြလိုက်ရတယ်။ ၁၀ ရက်လောက် စကားမပြောဘူး။
ဘောလုံးပွဲလောင်း ရတာ လဲ အရသာတစ်မျိုးဘဲ။ ချစ်သူနှစ်ဦး ချိန်းတွေ့ လို့ ရင် ခုန်ရသလိုဘဲ။ ကိုယ်လောင်းထားတဲ့ အသင်း ဂိုးသွင်းဖို့ ကြိုးစာရင် တိုင်ထိထွက်လာတဲ့အခါ ကောင်မလေးကို နမ်းဖို့  ကြိုးစားရင် အငြင်းခံလိုက်ရသလို ပါဘဲ။ ကိုယ့်ဘက် က မထင်မှတ်ဘဲ ဂိုးသွင်း ခံလိုက်ရရင် တော့ ကိုယ့်ကောင်မလေး နောက်တစ်ယောက်နဲ့  တွဲနေတာတွေ့ လိုက်ရသလို ဘဲ တစ်ဆစ်ဆစ်နဲ့ နာနာကျင်ကျင် ပေါ့။ မိနစ် ၉၀ ကျော် အချိန်ပို မှာ ဂိုးသွင်းခံလိုက်ရရင်တော့ ချစ်သူ က ဘာကြောင်းမှ မရှိဘဲ လမ်းကွဲကြရအောင်လို့ ပြောလိုက်သလို ဘဲ။
ပနတီ နဲ့ ရူံးရင်တော့ အချိန်အကြာကြီး တူတူတွဲလာတဲ့ ချစ်သူ အခြားတစ်ယောက်နဲ့ ခိုးပြေးသွားသလို ခံစားရတယ် ။
တကယ်တော့ ရင်ခုန်တယ် ဆိုတာ အချစ်နဲ့ တွေ့ မှအချစ်ရှိမှ လို့ တော့မဟုတ်ပါဘူး။ကျနော့်အတွက်တော့ ဘောလုံးပွဲဟာလည်ရင် ခုန်စရာပါဘဲ ။ ထိုင်းမှာ သူ ငယ်ချင်းတွေနဲ့ တူတူ ဘောလုံးပွဲ ဒိုင်ကိုင်ရတာလဲ အရသာ တစ်မျိုးပါဘဲ ။သူ ကတော့ ဘောလုံးပွဲ ရလဒ်ထက် အကွက်ရွေ့ ရတာပါ ။ဟိုဖက်ပေါက်ဈေး ဒီဘက်ပေါက်ဈေး တွေ ကို ကစားရတာပါ ။စာရင်း ဇယာ ပိုင်မှရတာ ပါ ။လောင်းကစားဆိုတာ မကောင်းတာတော့ အမှန်ပါဘဲ ။ ဒါပေမယ့် အချိန်အဆ ရှိရှိနဲ့ ကစားရင်တော့ စိတ်အမောပြေစေပါတယ်။
လောင်းတယ်ဆိုတာ နိုင်ချင်လို့ လောင်းကြတာပါ ။ ချစ်သူဆိုတာ လည်း ဘဝ မျှော်လင့်ချက်များစွာအတွက် ရည်ရွယ်ပြီး ချစ်ကြတာပါ ။
ဘောလုံးပွဲ တွေ ဟာ မထင်မှတ်ဘဲ ရူံးတတ်ကြပါတယ် ။ ဒီလိုဘဲ ချစ်သူတွေ ဟာလည် ရည်းစားဘဝမှာ မထင်မှတ် ဘဲ အကြောင်းကြောင်းကြောင့် လမ်းခွဲ ကြရပါတယ် ။
ဒီနေ့  ရူံးလည် နောက်နေ့ ပေါ့ ။ဘယ် အရာမှ ထာဝရ မတည်မြဲ ပါဘူ။ ဒီတစ်ယောက်နဲ့ မဆင်မပြေကြ ။ လမ်းကွဲ ရလည်း နောက်တစ်ယောက် ပေါ့ ။ ကိုယ် ကချစ်တယ် ။စူးစူးနစ်နစ် ခိုင်ခိုင် မာမာ သူကတော့ လုပ်ချင်တာလုပ်နေတာမျိုးကို တော့ လက်ပိုက်ပြီးချစ်လို့ ခွင့်လွတ်ပါတယ် ဘာညာ ဆိုပြီး နေတာ မှားနေမှာဘဲ လို့ ကျနော် ထင်တယ် ။ ဘယ်လောက်ဘဲချစ်ချစ် ကိုယ့် ရဲ့ အချစ် တစ်ခုတည်းနဲ့ တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အချစ် ဆိုတာ သစ္စာ ရှိပြီး ချစ်ရမှာ ဆိုပေမယ့်  သူ ကကိုယ်ချစ်သလိုပြန်မချစ်တဲ့ အခါ ကိုယ်ဘဲခံစားရမှာလေ။ တကယ်တော့ အချစ်ဆို တာ ပေးဆပ်ချင်တိုင်း ပေးဆပ်လို့ ရတာ မှ မဟုတ်တာ။
အသိတစ်ယောက် ပြောတာ ကြားဘူးတယ် ။ဖူးစာ ဆိုတာ ဦးရာလူပါ တဲ့ ဟုတ်တော့ဟုတ်သလိုလို ဘဲ။

Sunday, July 26, 2009

ABOUT YOU AND ME

Don't Cry Over Someone That Won't Cry Over You No Guy Is Worth Your Tears & When You Find The One That Is She Won't Make You Cry If You Really Love Something Set It Free.
If It Comes Back It's Yours, If Not It Wasn't Meant To Be Some Day You'll Cry For Me Like I Cried For You,
Some Day You'll Miss Me Like I Missed You,
Some Day You'll Need Me Like I Needed You,
Some Day You'll Love Me But I Won't Love You Time will make you forget me but time will make me love you more than before. If I never met you, I wouldn't like you. If I didn't like you I wouldn't love you.
If I didn't love you I wouldn't miss you, but I did, I do and I will. My heart longs for you, my soul dies for you,
my eyes cry for you. Forget who hurt you yesterday,
But don't forget who loves you tenderly today. Love can make you happy but often times it hurts,
but love is only special when you give it to who its worth.Girlfriends come and go, but friends are forever. The hardest part of loving someone is knowing when to let go,
and knowing when to say goodbye. No pleassure, no expressions just an illusion of what should of but wasn't. I hate you for not letting me have you. Forget the times he walked by, Forget the times he made you cry,
Forget the times he spoke your name, Remember now your not the same.
Forget the times he held your hand, Forget the sweet things if you can,
Forget the times & Don't pretend, Remember now he's just your friend. The day you finally decide to love me will be the day
after the day I have given up on chasing you [Photo] I hate to see the one I love happy with somebody
but I surely hate it more to see the one I love unhappy with me... I had a dream and it was about you ...
I smiled and recalled the memories we had ...
then I noticed a tear fell from my eyes ... you know why?
When I kiss you ,you say to me goodbye.