Font အသစ်ပေါ်တယ်လို့ planet မှာဖတ်လိုက်ရလို့ စမ်းသုံးကြည့်ပါတယ်။ စာရိုက်တာနဲ့ တင် တိုင်က ပတ်နေတယ်။ ကျနော်ဘဲ မရိုက်တတ်လို့ လားဘာလို့ လဲ တော့မသိဘူး ဇော်ဂျီလောက်ဘယ်ဟာ မှာသုံးရတာ အဆင်မပြေပါဘူး။ တစ်ကယ်ဆို ရင် font တွေ အများကြီးပေါ်လာတာ ကောင်းပေးမယ့် အခြေခံ လက်ကွက်မတူ ဘူးဆိုလျှင် မြို့ ပတ်ရထားမှာလိုက်ရောင်းတဲ့  ၃ အုပ်တစ်ရာတန် ဖတ်သူမရှိတဲ့  စာအုပ်လို ဘဲ ဖြစ်နေမှာပါ ။လက်ရှိမှာတော့ ၉၅ % လောက်က ဇော်ဂျီမှ ဇော်ဂျီပါဘဲ ။မြန်မာဘလော့တွေ လွယ်လွယ်ကူကူ ရှိနေရခြင်းဟာ ဇော်ဂျီကြောင့်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ အလွယ်တကူ စာရိုက်လို့  သင်ရင်တတ်လို့ လွယ် တာတွေကြောင့် ဇော်ဂျီ ကိုအများက လက်ခံထားတာပါ။ယူနီကုဒ် ဘယ်လောက်ဘဲကောင်းကောင်း လူငယ်တွေ အတွက် ကတော့ ဇော်ဂျီ က နံပါတ် ၁ ပါဘဲ။ ဘာဘဲပြောပြော ဇော်ဂျီကို အားလုံးသစ္စာ ရှိဖို့ လိုပါတယ်။ ဧရာ တို့  ယူနီကုဒ်တို့ ပြောင်းမဲ့ လူတွေ ထဲ မှာကျနော် မပါတော့အသေချာပါဘဲ။ ဇော်ဂျီကိုတစ်ခု ပြောစရာရှိတာ က တိုင်းရင်းသားဘာသာတွေ ရိုက်တဲ့နေရာမှာ အခက်အခဲ ရှိတာပါဘဲ ။အဲဒီကိစ္စ ကိုတော့ တစ်ခုခုကြံဆ သင့်ပါတယ်။ဘာဘဲပြောပြော မြန်မာစာဟာ လူ ၃၉ သန်းလောက်ရဲ့ မိခင်ဘာသာစကားပါ။ အဲဒါကြောင့်မြန်မာလို့  လွယ်လွယ်ကူကူ ရိုက်လို့ ရ တယ်ဆိုတာနဲ့ တင် တော်တော်လေးကို အဆင်ပြေနေပါပြီ။
ကဲ ဘာဘဲဖြစ်ဖြစ် AYAR VS ZAWGYI ဖြစ်လာမှာမဟုတ်ပါဘူး။
ဇော်ဂျီကိုထောက်ခံ ကြရအောင်
နောက်ပြီး ဇော် ဂျီ စစ်တမ်းလေးတစ်ခုလောက်လုပ်သင့်ပါတယ်
ကဲ ဘာဘဲဖြစ်ဖြစ် AYAR VS ZAWGYI ဖြစ်လာမှာမဟုတ်ပါဘူး။
ဇော်ဂျီကိုထောက်ခံ ကြရအောင်
နောက်ပြီး ဇော် ဂျီ စစ်တမ်းလေးတစ်ခုလောက်လုပ်သင့်ပါတယ်


Open all
Close all
No comments:
Post a Comment