ချစ်သူ ရေ
နင်မရှိတဲ့အခါ
နွေခေါင်ခေါင်မှာ မီးလှုံ
ရေခဲရေကို မှုတ်သောက်
ဓာတ်တိုင်ကြီးကို ဖက်နမ်း
ဗွက်အိုင်ထဲမှာ ရေကူး
နိဗ္ဗာန်ယာဉ်ကို လှမ်းတား
လူသေကောင်ကို ပြုံးပြ
အသုဘမှာ ဟားတိုက်
မင်္ဂလာဆောင်မှာထိုင်ငို
မိုးရေထဲမှာ မိုးခို
အဲဒီလို ရူုးနေတာပါဟာအချစ်ကြိုးတွေတပ်ပြီး
အနမ်းဆိုတဲ့စွန်ကို
နင့်အတွက် ငါအမြဲလွင့်ထူထားပါတယ်ဟာ..။
အတိတ်စိမ်း
14 years ago


Open all
Close all
No comments:
Post a Comment