Tuesday, June 30, 2009

Microsoft Windows 7


လာမည့် အောက်တိုဘာ ၂၂ ရက်နေ့ တွင် Windows 7 (seven )ထွက်ရှိမည်ဖြစ်ကြောင်း MicroSoft Crop. မှတရားဝင်ထုတ်ပြန် ကြေညာလိုက်ပါသည်။Microsoft ရဲ့ Windows Vista ဟာထင်တိုင်းမပေါက်ခဲ့တာကြောင့် ယခုလို မြန်မြန်ဆန်ဆန် Windows 7 ကို ထုတ်လုပ်ရခြင်းဖြစ်ကြောင်း Microsoft မှပြောဆိုသွားပါသည်။ယခု ကမ္ဘာတွင် အသုံးပြုနေသောကွန်ပြူတာ ဧ။် ၉၀ ရာခိုင်နှုန်းကျော်မှာ Windows စနစ်ကို အသုံးပြုထားခြင်း ဖြစ်သည်။Windows Vista ထုတ်လုပ်ပြီးနောက် Microsoft မှာများစွာဝေဖန်ခံခဲ့ရသည်။Windows Vista ထွက်ရှိစဉ် ကွန်ပြူတာအချက်အလက်သိုမှီရာ RAM မှာအများသောအားဖြင့် 1 GB သာရှိကြသည်။Windows Vista သည် အနည်းဆုံး RAM 2GB လိုအပ်သည်။ထို့ ကြောင့် ကွန်ပြူတာအသစ်သုံးမှ Windows Vista သုံးစွဲရမလိုဖြစ်ခဲ့သည်။
Window Vista ထုတ်လုပ်သော ၂၀၀၈ ခုနှစ်တွင်လူအများစုမှာ Windows Xp နေရာတွင် အစားထိုးရန်မျော်မှန်းခဲ့ကြသည်။သို့ ရာတွင် Windows Vista ဧ။်အားနည်းချက်များကြောင့် ယနေ့ တိုင် Windows Xp ကို လက်မလွတ်နိုင်သေးပေ။
Windows 7 ထွက်ရှိရန်ကြေညာသောအခါ ပညာရှင်များက အဆိုးဘက်မှဝေဖန်မှု ကြီးကြီးမားမား မပြုခဲ့ကြပေ။
Apple ကိုယှဉ်ပြိုင်ရန် ရည်မှန်းထားသော Windows 7 မှာ ရည်မှန်သလောက်ခရီး ပေါက်လိမ့်မည်ဟုမျှော်လင့်ရပါမည်။ယနေ့ ဧ။်တိုးတက်သောခေတ်ရေစီကြောင်တွင် Windows 7 ကို ပြောင်းလဲသုံးစွဲရမည်မှာ မလွဲပါ။
ရည်ညွန်း : www.ewares.org
www.burmatoday.com

No comments: