Saturday, May 30, 2009

အတွေများနဲ့  ကျနော်

ကျနော့် ကိုယ် ကျနော် ပြန်စဉ်းစားမိတယ် ။တစ်နေ့ တစ်နေ့  ဘာလုပ် ရရင် ကောင်းမလဲ လို့  ။သူများတွေလို ဘာမှလည်း ဟုတ်တိပတ်တိ မတက် ။ ဟို နည်းနည်း ဒီနည်းနည်း နဲ့ ။ဒီကြားထဲ လိုင်းက ကြောင်နေသေးတယ်။အဲတာ နဲ့  ရတဲ့ အချိန်လေးမှာ ကွန်ပြူတာနဲ့  ဆက်ဆံနေရတဲ့ လူတွေ အတွက် အသုံဝင်တာလေးတွေ တင်ပေးဖို့  အကြံထွက်လာတယ် ။အမေရိးကားမှာ ရှိနေကြတဲ့  ကျနော့်  ဘော်ဒါတွေ ကလည်း အမြဲတမ်းဟိုဟာလိုတယ် ၊ဒီဟာလိုတယ်နဲ့ ။ အဲတာကြောင့် မအားတဲ့ ကြားကနေ လုပ်လိုက် ရတာပါ။သူများတွေလို့ တော့ သားသားနားနားမရှိဘူဆိုတာ သေချာပါတယ် ။နောက်ပြီး ကျောင်းစာ ၊အလုပ်နဲ့  ဒီဘက်တွေမှာ အာရုံရောက်နေ ရင် အခြားစိတ်ညစ်စရာတွေမေ့ပြီး သားဖြစ်သွားတယ်လေ ။ဘာဘဲဖြစ်ဖြစ် ပို့ တင်လိုက်တဲ့  အချိန်းလေးမှာ ဘဲ နိုင်ငံတကာ က လာရောက်လည်ပတ်နေတာတွေ့ ရတဲ့ အတွက် စိတ်ပျော်ရွှင် မှု ကိုခံစားလိုက်ရတယ် ။တကယ်တော့ ဒီလို လုပ်တာဟာ တရားမဝင်မှန်းတော့ သိပါတယ် ။ဒါပေမယ့် ဝယ်သုံးဖို့ ဆိုတာ ကျနော် တို့  တိုင်းပြည် အခြေအနေ နဲ့  အလှမ်းဝေးလှပါတယ် ။မီးမှန်တဲ့  ကြားက အားထုတ်ကြိုးစားကြတဲ့  လူတွေကိုတော့ အထူးကျေးဇူးတင်ပါတယ် .။ တစ်ချို့ နေရာကလာကြည့် တယ်ဆိုတာ ဖမ်းဖို့ လားသိဘူးနော် ။
အော် ဘဝ ဘဝ

No comments: